ကျောက်တန်းမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ




MNP - နိုဝင်ဘာ  ၁၇


၂၀၂၂- ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် "အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်း က အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားအောင်ပွဲနေ့၏ ဦးတည်ချက်များနှင့် ဆောင်ပုဒ်၊ မျိုးချစ်စိတ်ဓါတ်များ နိုးကြားလာကာ မြန်မာ့လွတ်လပ်ရေးကို အရယူသည်အထိ ကြိုးပမ်းဆောင် ရွက်ခဲ့ပုံများ၊ မြန်မာနိုင်ငံ၏ အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် အကြိမ်ကြိမ် ဆွေးနွေးခဲ့မှုများ၊ အမျိုးသားအောင်ပွဲနေ့ကို သတ်မှတ်ခဲ့ပြီး နှစ်စဉ်ကျင်းပခဲ့မှုများနှင့် အနာဂတ်လူငယ်များအနေဖြင့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် ဂုဏ်ကျေးဇူးတရားများကို မမေ့မလျော့ပဲ လက်ဆင့်ကမ်း အလေးအမြတ်ထားကြစေရေး စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေး၍ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် Talk Show ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး  ဦးကောင်းကျော်ကို တာဝန်ခံ (ကျောင်းအုပ်) အမက (သောင်ကြီး) သောင်းကြီးကျေးရွာ၊ ကျောက်တန်းမြို့နယ် က ၁၉၂၀ ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ ကျွန်ပညာရေးစနစ်ကို ကျောင်းသား/သူများ မနှစ်သက်သည့်အတွက် သပိတ်မှောက်၍ဖြစ်ပေါ်လာသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ၁၉၂၀ ခုနှစ်တွင် ပြဠာန်းခဲ့သော ရန်ကုန်တက္ကသိုလ်အက်ဥပဒေအရ မြန်မာနိုင်ငံတွင် ယုတဿန်ကောလိပ်နှင့် ရန်ကုန်ကောလိပ်ဟူ၍သာရှိပြီး ဗြိတိသျှအစိုးရက ကောလိပ်နှစ်ခုကိုပေါင်း၍ ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်နိုင်ရန် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ရေးဆွဲရာတွင် ချမ်းသာကြွယ်ဝသော မိသားစုဝင်များ၏ သားသမီးများသာသင်ယူစေခြင်း၊ တက္ကသိုလ်အပ်ဥပဒေအရ ကျောင်းသားဦးရေကို ကန့်သတ်ထားခြင်း၊ ကျောင်းအိပ် ကျောင်းစား ဖြစ်ရမည်ဟု သတ်မှတ်ခြင်းတို့ကြောင့် အင်္ဂလိပ်အစိုးရရေးဆွဲထားသော ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို မကျေနပ်သည့် အတွက်ကျောင်းသား/သူများက သပိတ်မှောက်ခဲ့ ရာမှ တစ်နိုင်ငံလုံး ရှိပြည်သူများ ပါဝင်လာခဲ့ကြသည်။ စတင်သပိတ်မှောက်သောနေ့ကို ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ  ၅ ရက်၊ မြန်မာသက္ကရာဇ် ၁၂၈၂ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သက်မှတ်ခဲ့ကြောင်း စသည့်အမျိုးသားနေ့ဖြစ် ပေါ်လာပုံအကြောင်း အရာများကို ကျောင်းသားကျောင်းသူ            လူငယ်များသိရှိနိုင်စေရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အထိမ်းအမှတ်နေ့များတွင် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် အသိပညာပေး လုပ်ငန်းများကို   စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)