ရေးမြို့နယ်တွင် ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေးမြို့နယ်တွင် ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်

 




MNP - နိုဝင်ဘာ  ၁၇


မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန် က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါဆွေးနွေးပွဲတွင် ရေးခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးစန်းမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမင်းဌေးဦးနှင့် ကျောင်းအုပ် ဆရာ/ဆရာမကြီးများ တက်ရောက်ကာ ရေးခရိုင် စီမံအုပ်ချုပ်ရေးမှူး ဦးစန်းမင်း က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးမင်းဌေးဦးမှ ဆွေးနွေးပွဲနှင့် ပတ်သက်သည့် ပညာရေးကဏ္ဍအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးခြင်းသည် အရေးကြီးသည့်လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း၊ စီမံခန့်ခွဲမှုသည်လည်း အလွန်အရေးကြီးသဖြင့် စီမံခန့်ခွဲမှုကောင်းမွန်မှသာ ပညာရေးလုပ်ငန်းများ အောင်မြင်မည်ဖြစ်ပါကြောင်း မိမိတာဝန်ထမ်းဆောင်ရာဒေသ၏ သင်ကြားသင်ယူမှုရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို အချင်းချင်းဖလှယ်ခြင်းဖြင့် စွမ်းဆောင်ရည်များ တိုးတက်လာမည်ဖြစ်ပါကြောင်း ဆွေးနွေးပွဲတွင် စိတ်ပါဝင်စားစွာ သင်ယူပြီး ရလဒ်ကောင်းများရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ ရေးမြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စုစုပေါင်း(၁၇၃) ဦး တက်ရောက်ခဲ့ကြပြီး ပညာရေးစီမံခန့်ခွဲမှု ဘဏ္ဍာရေးနှင့် စီမံကိန်းကြီး ကြပ်အကဲဖြတ်ခြင်းလုပ်ငန်းရပ်များကို ကဏ္ဍအလိုက် (၁၅-၁၁-၂၀၂၂ မှ ၁၆-၁၁-၂၀၂၂) ရက်နေ့ထိ နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ (၂)ရက်တာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)