ကျောက်ကြီးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကြီးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ



MNP - နိုဝင်ဘာ  ၁၇


ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး၊ ပညာရေးဦးစီးဌာန ဒုတိယမြို့နယ်ပညာရေးမှူး က ယနေ့ဟောပြောပွဲနှင့် ပတ်သက်ပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် ဌာနအကြီးအကဲများ၏ ဟောပြောချက်အား လိုက်နာမှတ်သားပြီး လူရည်ချွန်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတို့တွင် အကြိုးရှိမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့သည်။


ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး က "လူငယ်နှင့် ရည်မှန်းချက်" ခေါင်းစဉ်ဖြင့် ယနေ့ ကျောင်းသားလူငယ်များ အတန်းပညာအပြင်၊ အသိပညာ၊ အတတ်ပညာများအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးခြင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး က "လူငယ်နှင့် ခေါင်းဆောင်မှု" ခေါင်စဉ်ဖြင့် ကျောင်းသားလူငယ်များ အားကစားနှင့်ပတ်သက်ပြီး သိသင့်သိထိုက်သည်များကို ဟောပြောဆွေးခြင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး က "ကလေးသူငယ်အခွင့်အရေး" နှင့် ပတ်သက်ပြီး ကျောင်းသားလူငယ်များ သိရှိသင့်သည့် အခွင့်အရေးများ၊ လိုက်နာဆောင်ရွက်ရမည့် အပြင် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ဥပဒေနည်းဥပဒေများအကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး က အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး လက်သို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသားကျောင်းသူ (၂၀၀) ဦး တက်ရောက်ခဲ့ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက သုံးဘီးမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ပြသဖတ်ရှု လေ့လာစေခြင်းနှင့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)