၂၀၂၂ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗန်းရှင်း (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် “ကမ္ဘာ့ကလေးများနေ့”အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗန်းရှင်း (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် “ကမ္ဘာ့ကလေးများနေ့”အခမ်းအနားကျင်းပ



MNP - နိုဝင်ဘာ   ၂၀


“အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့၊ကလေးတိုင်းအတွက်ဆောင်ရွက်စို့”ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး  ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီက ကြီးမှူး ကျင်းပသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗန်းရှင်း (၃၃)နှစ် မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ်”ကမ္ဘာ့ကလေးများနေ့”အခမ်းအနားကို ယနေ့နံနက် ၉း၀၀နာရီက မရမ်းကုန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက် အမျိုးသမီး ကလေးများသင်တန်းကျောင်း(ရန်ကုန်)၌ ကျင်းပ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ လူမှုရေးဝန်ကြီးဦးအောင်ဝင်းသိန်းက အဖွင့်မှာစကား ပြေကြားရာတွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာသဘော တူစာချုပ်တွင် ကလေများအတွက် အကောင်းဆုံးအကျိုးစီးပွားကိုဖြစ်ထွန်းစေရေး၊ ခွဲခြားဆက်ဆံ မှုမရှိရေး၊ အသက်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ကလေးများ၏ထင်မြင် ယူဆချက်များကို အလေးထားရေးတို့ဖြစ်ပါကြောင်း၊ အဓိကကျသောအခွင့် အရေး(၄)ချက်ကိုလည်း ချမှတ်ထားပါကြောင်း၊ ကလေးသူငယ်များအနေဖြင့် ကလေးသူငယ် အခွင့်အရေးကိုသိရှိပြီး လိုက်နာရမည့်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်ပြီး အသိပညာပေး လုပ်ငန်း များကိုလည်း ပြည်သူလူထုအတွင်း ပိုမိုဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း အစရှိသည်ဖြင့်ပြောကြားခဲ့သည်။


ဆက်လက်ပြီးသင်တန်းကျောင်းများရှိ ကလေးငယ်များက တေးသရုပ်ဖော်များဖြင့်ဖျော်ဖြေ တင်ဆက်ကြပြီး အကြိုအားကစားပြိုင်ပွဲများဖြစ်သည့် အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ ဘောလီဘော ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများ အသီးသီး ချီးမြှင့်ခြင်း၊ အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းနှင့် ဖျော်ဖြေခဲ့ကြသည့်ကလေး များအားဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြကြောင်းသိရသည်။


အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေး အသင်းအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။


သတင်း - စန္ဒာမိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)