မာန်အောင်မြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ






MNP ၊  နိုဝင်ဘာ  ၁၇

ရခိုင်ပြည်နယ် မာန်အောင်မြို့၌၁၃၈၄ခုနှစ်၊တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်ည့်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့နံနက်၈နာရီက အ-ထ-က(ခွဲ)ဈေးတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေ့ဦးစွာ အခမ်းအနားကိုအ-ထ-က(ခွဲ)ဈေးတန်းကျောင်းမှ ကျောင်းသား/သူများကဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြပြီးပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသူရိန်စိုးမှ ဖတ်ကြားသည်။

    

ထို့နောက် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲတွင်ဆုရကျောင်းသား/သူများအားတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

    

ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော အမျိုးသားအောင်ပွဲနေ့နှင့်သက်ဆိုင်သောသမိုင်းဝင်မှတ်တမ်း နံရံကပ်ဓာတ်ပုံများနှင့်စာအုပ်၊ စာစောင်များကို စိတ်ဝင်တစားလေ့လာကြည့်ရှုကြပြီ းပြန်/ဆက်ဝန်ထမ်းများက သတင်းစကားပညာပေး လက်ကမ်းစာစောင်များကိုအခမဲ့ဖြန့်ဝေပေးခဲ့သည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသူရိန်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆရာ/မများစာစီစာကုံးပြိုင်ပွဲ ဆုရကျောင်းသား/သူများ စုစုပေါင်း၁၅၀ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)