ညောင်ဦးခရိုင် အမျိုးသမီးကော်မတီဝင်များအား Gender, CEDAW, NSPAW နှင့် UNSCR 1325 အသိပညာပေးသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးခရိုင် အမျိုးသမီးကော်မတီဝင်များအား Gender, CEDAW, NSPAW နှင့် UNSCR 1325 အသိပညာပေးသင်တန်းဖွင့်လှစ်

 




MNP - နိုဝင်ဘာ  ၁၆


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ အမျိုးသမီးကော်မတီဝင်များအား Gender , CEDAW, NSPAW နှင့် UNSCR 1325 အသိပညာပေး အခမ်းအနားကျင်းပခြင်းအား ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက အသိပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ညောင်ဦးခရိုင်၊ ခရိုင်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဦးတိုးလွင်က ညောင်ဦးခရိုင် အမျိုးသမီးကော်မတီဝင်များအား Gender , CEDAW, NSPAW နှင့် UNSCR 1325 အသိပညာပေးသင်တန်း တက်ရောက်လာသည့် ခရိုင်အဆင့်ဌာနဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာ ဌာနဆိုင်ရာများအား နှုတ်ဆက်စကား ပြောကြားကာ သင်တန်းဖွင့်အမှာစကားပြောကြားပြီး ညောင်ဦးခရိုင် လူမှုဝန်ထမ်းရုံးမှ ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး ဒေါ်မိုးမိုးစန်းက Gender , CEDAW, NSPAW ပါ အကြောင်းအရာများအား Power Point ဖြင့်ရှင်းလင်း တင်ပြပြီး ညောင်ဦးခရိုင် လူမှုဝန်ထမ်းရုံးဦးစီးမှူးက UNSCR 1325 အား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။


ပြီးနောက် တက်ရောက်လာသည့် ညောင်ဦးခရိုင် အမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်ပန်းတောင်း မြို့နယ် အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များ မေးမြန် ဆွေးနွေးခဲ့ကြောင်းသိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)