အမ်းမြို့နယ်၌ ရှု့ခင်းသာ (WE LOVE ANN) ဆိုင်းဘုတ်နှင့်မြေနေရာ လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ရှု့ခင်းသာ (WE LOVE ANN) ဆိုင်းဘုတ်နှင့်မြေနေရာ လွှဲပြောင်းပေးအပ်



MNP - နိုဝင်ဘာ  ၁၆


ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရှု့ခင်းသာ (WE LOVE ANN) ဆိုင်းဘုတ်နှင့် မြေနေရာအား ရှုခင်းသာဖြစ်မြောက်ရေးကော်မတီအဖွဲ့မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ ယနေ့နံနက်(၉) နာရီအချိန်က လွှဲပြောင်းပေးအပ်ခဲ့သည်။


ရှေ့ဦးစွာ ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် က အဖွင့်အမှာစကား ပြောကြားပြီး ရှု့ခင်းသာ(WE LOVE ANN) စတင်အကောင်အထည် ဖော်တည်ဆောက်ခြင်းလုပ်ငန်းများကို ရှု့ခင်းသာဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးသစ်လွင်က ရှင်းလင်းတင်ပြကာ ဦးဇော်လင်းထွန်းက တည်ဆောက်ရေးအဖွဲ့ အလှူရှင်များ စာရင်းနှင့် လွှဲပြောင်းပေးအပ်မည့် ပစ္စည်းများစာရင်း စုစုပေါင်းကုန်ကျ စရိတ်များအား ရှင်းလင်းတင်ပြခဲ့သည်။


ဆက်လက်ပြီး ရှုခင်းသာ (WE LOVE ANN) ဆိုင်းဘုတ်နှင့် မြေနေရာဆောင်ရွက်မှုအချက်အ လက်များအား ရှုခင်းသာဖြစ်မြောက်ရေးကော်မတီအဖွဲ့ ဦးအောင်ကြည်စိုးမှ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်နိုင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။


ရှု့ခင်းသာ (WE LOVE ANN) တည်ဆောက်ရေးလုပ်ငန်းအတွက် စုစုပေါင်းကုန်ကျငွေ ကျပ် (၂၁,၁၃၇,၀၅၃) သိန်းဖြင့် ဆောင်ရွက်ထားရှိသော WE LOVE ANN စာတန်း၊ WEL COME TO ANN စာတန်း၊ ဆိုလာမီးတိုင် (၅) တိုင်၊ (၄၀၀) ဝပ် ဆလိုက်မီး(၂)လုံး၊ ကျောက်ထိုင်ခုံအကြီး (၁၁)ခုံ၊ ကျောက်ထိုင်ခုံအသေး (၄) ခုံ၊ လက်ရန်း (၁) စုံ၊ အမှိုက်ပုံ (၂) လုံးနှင့် ကားပါကင် ပြုလုပ်ရန် ဘိလပ်မြေ (၁၄၀) အိတ်တို့ဖြစ်ကြောင်း သိရသည်။


သတင်း - စိုးမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)