MNP ၊ ဇန်နဝါရီ ၃၁
မြန်မာနိုင်ငံ၏ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၁၃) ပါးတွင် အမှတ်စဉ် (၇) ဆရာတော်ဖြစ်သည့် တိပိဋကဓရဓမ္မဘဏ္ဍာဝါရိက အဂ္ဂမဟာပဏ္ဏိတ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသသည် ဗီယက်နမ် ဒါယိကာ/ဒါယိကာမများ၏ ပင့်လျှောက်ချက်အရ ဗီယက်နမ်နိုင်ငံနှစ်သစ်ကူးပိတ်ရက် ကာလအတွင်း ၂၁-၁-၂၀၂၃ ရက်မှ ၂၇-၁-၂၀၂၃ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ ကြွရောက်စဉ် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့်ဇနီး၊ သံရုံးဝန်ထမ်းမိသားစုများမှ မြန်မာသံရုံးသို့ ပင့်ဖိတ်၍ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူခဲ့ကြောင်း သိရသည်။
ထို့နောက် ဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ နှင့် ဗီယက်နမ်ဆရာတော် (၂) ပါးတို့အား မြန်မာသံအမတ်ကြီး၏ နေအိမ်တွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြန်မာသံရုံးမိသားစုများ၊ စစ်သံရုံးမိသားစုများနှင့် ဗီယက်နမ်နိုင်ငံရောက် မြန်မာအသိုက်အဝန်းများမှ လှူဖွယ်ဝတ္တုပစ္စည်းများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment