မဟာအောင်မြေမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခွဲသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအောင်မြေမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခွဲသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းဆောင်ရွက်ပေး



MNP  -  ဇန်နဝါရီ  ၃၁

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ၊ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသောဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့်စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများ၊‌ ကျောင်းသား/ကျောင်းသူများ၊ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့်စာအုပ်စာစောင်များလိုက်လံငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခွဲသို့ သွားရောက်ငှား ရမ်းပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ငှားရမ်းပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အထကောင်းများရရှိစေရေး၊ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် သုတ၊ရသစာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္တုစာအုပ်များနှင့် ကလေးများအတွက် ရုပ်ပြ၊ ပုံပြင်စာအုပ်များ စုံလင်စွာယူဆောင်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးနိုင်ခဲ့ပြီး၊ ယခင်ငှားရမ်းထားသည့် သုတ၊ရသစာအုပ်၊‌စာ‌စောင်များကို တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင်အသစ်များဖြင့် အစားထိုးငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်ဇော်မင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)