ကျောက်ဆည်မြို့ရှိ ဟံမြင့်မိုရ်-မင်းစု လမ်းပေါ်ရှိ ခံနိုင်ဝန်အားနည်းသည့် ရေပြွန်(၂)ခုအား သံကူကွန်ကရစ် Box Culvert တံတားများဖြင့် အစားထိုးဆောက်လုပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့ရှိ ဟံမြင့်မိုရ်-မင်းစု လမ်းပေါ်ရှိ ခံနိုင်ဝန်အားနည်းသည့် ရေပြွန်(၂)ခုအား သံကူကွန်ကရစ် Box Culvert တံတားများဖြင့် အစားထိုးဆောက်လုပ်ပေး



MNP  -   ဇန်နဝါရီ   ၃၁

ဒေသထွက်ကုန်များ အချိန်နှင့်တစ်ပြေးညီသယ်ယူနိုင်ရေး မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဟံမြင့်မိုရ်-မင်းစုလမ်းပေါ်ရှိ ခံနိုင်ဝန်အားနည်းသည့် ရေပြွန်(၂)ခုအားသံကူကွန်ကရစ် Box Culvert တံတားများဖြင့် အစား ထိုး ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါသံကူကွန်ကရစ် Box Culvert တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်း ခွင့်ပြုရန်ပုံငွေ(၅၉.၁၀)ကျပ်သန်းဖြင့်လမ်း၏ (၀.၈)ကီလိုမီတာမှ (၁)ကီလိုမီတာအတွင်းရှိ ရေပြွန်အမှတ်(၅/၁)နှင့်(၄.၆၂)ကီလိုမီတာမှ (၄.၈၂) ကီလိုမီတာအတွင်းရှိ ရေပြွန်အမှတ် (၉/၃) တို့အား(၁.၅၂)မီတာx၉.၁၄)မီတာ  သံကူကွန်ကရစ် Box Culvert တံတား(၂)စင်းဖြင့်အစားထိုး ဆောက် လုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ ဟံမြင့်မိုရ်-မင်းစုလမ်းသည် ရန်ကုန်-မန္တလေးကားလမ်း၊ ကျောက်ဆည်-မြစ်သားလမ်း၊ အမှတ် (၂)ခရိုင်ခြင်းဆက်လမ်း၊ ကျေးရွာချင်းဆက်လမ်းများနှင့် ကွန်ယက်သဖွယ်ဆက်သွယ်ထားသည့်လမ်းဖြစ်ပြီး အရည်အသွေးပြည့်မှီသည့် သံကူကွန်ကရစ် Box Culvert တံတားများ ဆောက်လုပ်ပေးခြင်းကြောင့် လမ်းအသုံးပြုသည့် ပြည်သူများအနေဖြင့် ဒေသထွက်ကုန်ပစ္စည်းများ သယ်ယူရောင်းဝယ်ရာ တွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်းနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ကဏ္ဍများ ပိုမိုဖွံ့ဖြိးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)