ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၂၀၂၃ ခုနှစ်အတွက် လုပ်ငန်းလမ်းညွှန်ချက်ခံယူခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၂၀၂၃ ခုနှစ်အတွက် လုပ်ငန်းလမ်းညွှန်ချက်ခံယူခြင်းအခမ်းအနား ကျင်းပ


MNP  -   ဇန်နဝါရီ ၂၃

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၃ ခုနှစ်အတွက် လုပ်ငန်းလမ်းညွှန်ချက် ခံယူခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဦးစီးမှူးများ၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။


အဓိကထား ဆွေးနွေး


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကား ပြောကြားရာတွင် ၂၀၂၃ ခုနှစ်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်နှင့်မြို့နယ်ဦးစီးမှူးများ လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ ထားရှိမည့်ခံယူချက်များကို အဓိကထားဆွေးနွေး မှာကြားလိုပါကြောင်း၊ မိမိကိုယ်ကိုယ် စည်းရုံးရေးမှူးကောင်းသဖွယ် စိတ်ဓာတ်ဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တာဝန်ပေး၍ လုပ်ဆောင်ရသည်ထက် မိမိဘာသာ ခံယူချက်ရှိရှိဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံရေးအမြင်၊ လူမှုရေးအမြင်၊ စီးပွားရေးအမြင်၊ နိုင်ငံတကာ ဆက်ဆံရေးအမြင်များ ရှိရန်လည်း လိုအပ်ကြောင်း။


စဉ်းစားဆောင်ရွက်ကြ


တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်နှင့် မြို့နယ် ဦးစီးမှူးများအနေဖြင့် အသက်အရွယ်အလိုက် အတွေ့အကြုံများ အထိုက်အလျောက် ရှိကြပြီးဖြစ်ရာ မိမိတို့ အဓိကဆောင်ရွက်ရမည့် ရည်မှန်းချက်က ဘာလဲ ဆိုသည်ကို လေ့လာကြရန် လိုကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူကအားထားရသည့် စည်းရုံးရေးမှူး တာဝန်ထမ်းဆောင်ရသူများအဖြစ် ခံယူစေချင်ကြောင်း၊ နိုင်ငံ၏သမိုင်းကြောင်းနှင့် နိုင်ငံရေးအခြေအနေများကို နားလည်ပြီး မိမိတို့ကိုယ်တိုင် ခံယူချက်ရှိရှိဖြင့် နိုင်ငံတော်အကျိုးအတွက် မည်ကဲ့သို့ ဆောင်ရွက်နိုင်မည်ကို စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတကာအခြေအနေကို မျက်ခြည်မပြတ်လေ့လာရန်လည်း လိုအပ်ကြောင်း၊ မှန်ကန်သော အသိအမြင်၊ အတွေးအခေါ်များဖြင့် လူငယ်များ၊ ပြည်သူများကို သတင်းမှန်များ၊ အသိအမြင်ကောင်းများရရှိစေရန် ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ၂၀၂၂ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။


ဖြည့်စွက်မှာကြား


ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက ၂၀၂၂ ခုနှစ်အတွင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်တို့က ဖြည့်စွက်မှာကြား ဆွေးနွေးကြသည်။


ပြန်လည်သုံးသပ်ဆွေးနွေး


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။ 


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)