သံတွဲမြို့၌(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စင်တော်ကောက်ဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စင်တော်ကောက်ဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ






MNP  -   ဖေဖေါ်ဝါရီ  ၁၃

သံတွဲမြို့၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စင်တော်ကောက်ဖလား အမျိုးသားပိုက်ကျော်ခြင်း ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက နန်းချောင်းကျေးရွာ စင်တော်ကောက်ဆီဆိုင်ကွင်း၌ ကျင်းပပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြသည်။ သည်။


အဆိုပါ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စင်တော်ကောက်ဖလား အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲအား ဖေဖေါ်ဝါရီ ၆ ရက်နေ့မှစတင်ကျင်းပရာ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွက် အန်တီဝင်း အသင်းနှင့် ကမ်းခြေဦးအသင်းတို့ ဗိုလုပွဲယှဉ်ပြိုင်ကစားကြရာ အန်တီဝင်းအသင်းက (၃)ပွဲပြတ်ဖြင့် ပထမ ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။


ထို့နောက်ဆုပေးပွဲကိုကျင်းပပြုလုပ်ရာပထမ၊ ဒုတိယ၊ တတိယဆုနှင့် အကောင်းဆုံး ကစားသမားဆုရရှိသူများအား   ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၅ သိန်း ၊ တတိယဆု ၃ သိန်းကျပ်နှင့် အကောင်းဆုံးကစားသမားဆု ၄ ဆုအား တစ်ဆုလျှင် ၁ သိန်းကျပ် နှင့်ထပ်ဆောင်းဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိဃဗိုလ်မှူးကြီးဝင်းဗိုလ်နှင့် အဖွဲ့ဝင်များ ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ စင်တော်ကောက်ကုမ္ပဏီ မှမန်နေဂျင်းဒါရိုက်တာ ဦးသိန်းရွှေ၊ စင်တော်ကောက်ကုမ္ပဏီ မှဒါရိုက်တာ  ဒေါ်မီမီသွင် ၊ မြို့မိမြို့ဖများနှင့်အလှူရှင်များက ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးသွားခဲ့ကြကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီ ထံမှ သိရှိရသည်။


အဆိုပါအားကစားပြိုင်ပွဲများကျင်းပပေးရခြင်းမှာ အားကစားကိုချစ်မြတ်နိုးစွာဖြင့် အားကစား သမားအချင်းချင်းချစ်ခင်ရင်းနှီးမှုရရှိစေပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာရေးတို့ အတွက်ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)