ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ကြရမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ကြရမည်


MNP  -    ဖေဖော်ဝါရီ ၂၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီး အဆိုပါရုံးအစည်းအဝေးခန်း၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSME) အောင်မြင်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသေးစားထုတ်ကုန်များကို ပြည်တွင်း၌ ဖူလုံစေသည့်အပြင် ပြည်ပသို့တင်ပို့နိုင်ရေးအတွက်ပါ ရည်မှန်းချက်ထားဆောင်ရွက်နေကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် မျိုး၊ သွင်းအားစု၊ နည်းပညာနှင့် အခြေခံလိုအပ်ချက်များကို ကူညီပံ့ပိုးနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း။


ထိုသို့ ပူးပေါင်းဆောင်ရွက်ရာတွင် ဦးစီးဌာနလေးခုအချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ကြရန်၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင်လည်း ၎င်းတို့၏ ဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးကြရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများအောင်မြင်ရေး ကြိုးစားဆောင်ရွက်ရန်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နေသည့်လုပ်ငန်းများ အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရန်နှင့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။


ထို့နောက် ပြည်နယ်ဦးစီးမှူးများက ရခိုင်ပြည်နယ်အတွင်း ဘဏ္ဍာနှစ်အလိုက်လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)