ပန်းတောင်းမြို့နယ်၌ ခရမ်းသီးများ အောင်မြင်စွာဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်၌ ခရမ်းသီးများ အောင်မြင်စွာဖြစ်ထွန်း


MNP ၊ မတ်  ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြေနုကျွန်းပေါ်၌ စိုက်ပျိုးထားရှိသော ခရမ်းသီးများ အောင်မြင်စွာဖြစ်ထွန်းကြောင်း စာသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးမှ တောင်သူ ဒေါ်ရီသန်းထံသို့ ကွင်းဆင်းမေးမြန်းခဲ့ကြောင်း သိရသည်။


စားသုံးသူရေးရာဦးစီးဌာနဦးစီးအရာရှိ ဒေါ်သန်းသန်းအေးနှင့်ဝန်ထမ်းများသည် ခရမ်းသီးစိုက်ပျိုးသူ ဒေါ်ရီသန်းနှင့် တွေ့ဆုံမေးမြန်းရာ ၎င်းမှ ဝါခေါင်လတွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးပြီး (၃)လအကြာတွင် ခရမ်းသီးများ စတင်ခူးဆွတ်ရပါသည်။ ခရမ်းသီးစိုက်ပျိုးဧကမှာ တစ်ယောက်စိုက်ဖြစ်ပြီး စိုက်ပျိုး ထုတ်လုပ်ကုန်ကျ စရိတ်အနေဖြင့် (၅)သိန်းကျပ်ခန့် ကုန်ကျသည်ဟု သိရှိရပါသည်။ ခရမ်းသီးစတင် ထွက်ပေါ်ချိန်မှ နောက်(၅)လအကြာအထိ အသီးများ ခူးဆွတ်ရပါသည်။ ခရမ်းသီးများ စတင်ထွက်ပေါ်ချိန်မှစ၍ တစ်လအတွင်း တစ်နေ့လျှင် ခရမ်းသီးအလုံး (၁၀၀)ခန့် ခူးဆွတ်ရသည်ဟု သိရှိရပါသည်။ နောက်အသီးများ လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် တစ်နေ့လျှင် ခရမ်းသီးအလုံး(၂၀၀)ခန့် ခူးဆွတ်ရပါသည်။ ခရမ်းသီးရောင်းဈေးမှာ တစ်လုံးလျှင် (၂၀၀)ကျပ်ဖြင့် ပန်းတောင်းမြို့ပေါ်ရှိဈေးများအပြင် ပြည်မြို့သို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ခရမ်းသီးစိုက်ပျိုးသော တောင်သူအနေဖြင့် တစ်ယောက်စိုက် အကျိုးအမြတ်မှာ သိန်း(၂၀)ခန့်ရရှိသည်ဟု သိရသည်။


ခရမ်းသီးစိုက်ပျိုးသူ တောင်သူများအနေဖြင့် ယခုအချိန် ခရမ်းသီးစိုက်ပျိုးရာတွင် သွင်းအားစု ဈေးနှုန်းများကြီးမြင့်နေသော်လည်း ခရမ်းသီးဈေးနှုန်းများမြင့်ပြီး အထွက်နှုန်းကောင်းသဖြင့် တစ်ယောက်စိုက် စိုက်ပျိုးသူတောင် အကျိုးအမြတ် သိန်း(၂၀)ခန့်ရရှိသဖြင့် ဧကပြတ် စိုက်ပျိုးမည်ဆိုပါက အရင်းလည်းကြီး အမြတ်အစွန်းလည်း ပိုမိုရရှိမည်ဖြစ်ကြောင်း သိရသည်။


သင်းသင်းအေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)