ပြင်ဦးလွင်မြို့တွင် ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့တွင် ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာသင်တန်းဖွင့်လှစ်



MNP ၊ မတ်  ၁၀

သဘာဝဘေးအန္တရာယ်ဆိုင်ရာ အန္တရာယ်များကျရောက်လာပါက အချိန်နှင့်တပြေးညီတုံ့ပြန် ဆောင်ရွက်နိုင်ရန်၊ ထိခိုက်မှုလျော့နည်းစေရန်နှင့် သဘာဝဘေးနှင့်ပတ်သက်သော ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်ရရှိစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တော်ခန်းမတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြီးမှူး၍ ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာသင်တန်းကို ယနေ့နံနက် (၉) နာရီက ကျင်းပဖွင့်လှစ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သွဲ့သွဲ့လင်းကလည်းကောင်း၊ ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးများအကြောင်းအား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သိန်းကလည်းကောင်း၊ အရေးပေါ်ရှာဖွေကယ်ဆယ်ခြင်းဆိုင်ရာ အကြောင်းအရာများအား ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းကလည်းကောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများဖြစ်ကြသည့်  ဒေါ်ခင်စိန်ကြည်က မြေငလျင်ဘေးသိမှတ်ဖွယ်ရာများအကြောင်း၊ ဦးအောင်ကိုမင်းက မြစ်ရေကြီးမှုဘေးအကြောင်း နှင့် ဦးထိန်လင်းက ပြင်ဦးလွင်မြို့၏ ရာသီဥတုဆိုင်ရာ သုံးသပ်ချက်များအကြောင်းအား အသီးသီးဆွေးနွေးပို့ချပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာသင်တန်းတွင် ပြင်ဦးလွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၈) ဦး ပါဝင်တက်ရောက်လျက်ရှိပြီး သင်တန်းတွင် သဘာဝဘေးတုံ့ပြန်ဆောင်ရွက်မှု အဖွဲ့လိုက်ဆွေးနွေးခြင်းများလည်း ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ဖြူလူသစ် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment