ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ကန်တော်ကြီး သန့်ရှင်းသပ်ရပ်မှုနှင့် ကြံ့ခိုင်မှုကို ပြန်လည်မြှင့် တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ကန်တော်ကြီး သန့်ရှင်းသပ်ရပ်မှုနှင့် ကြံ့ခိုင်မှုကို ပြန်လည်မြှင့် တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု




MNP ၊ မတ်  ၁၈

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့်အတူ မတ်လ ၁၆ ရက်နေ့ ညနေပိုင်းက ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြည်နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး စစ်တွေမြို့၊ ကန်တော်ကြီး သန့်ရှင်းသပ်ရပ်မှုနှင့် ကြံ့ခိုင်မှုကို ပြန်လည်မြှင့်တင် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးက ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စည်ပင်သာယာရေးလုပ်ငန်းများသည် လူတစ်ဦး၏ မွေးဖွားသည်မှ သေဆုံးသည်အထိ ဆက်စပ်နေပါကြောင်း၊ စဉ်ဆက်မပြတ်လုပ်နေရသော အလုပ်တစ်ခုလည်း ဖြစ်ကြောင်း၊ ပြည်သူများနှင့် ထိတွေ့လုပ်ဆောင်နေရသည့် အလုပ်ဖြစ်ခြင်းကြောင့် ဥပဒေနှင့်အညီ လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုကို ပြည်သူများကလည်း စောင့်ကြည့်နေကြပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် စည်ပင်သာယာရေး လုပ်ငန်းများသည် ပြည်သူများ၏ အခွန်အခများဖြင့် ရပ်တည်လုပ်ဆောင်နေခြင်းကြောင့်ဖြစ်ကြောင်း၊ စည်ပင်သာယာဝန်ထမ်းများကလည်း လုပ်သင့်လုပ်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပြည်သူများ၏အခွန်အခများဖြင့် လုပ်ငန်းများဆောင်ရွက် နေခြင်းအပြင် ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ဆောင်နေသည့် လုပ်ငန်းများဖြစ်သည့်အတွက်ကြောင့် စနစ်တကျ လုပ်ဆောင်ကြရန် လည်းလိုကြောင်း၊ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများသည် ဒေသခံများ ဖြစ်ကြသည့်အတွက် မိမိဒေသ၊ မိမိရပ်ရွာအကျိုးကို ဆောင်ရွက်နေခြင်း ဖြစ်သည်ဟုခံယူကာ စေတနာထားပြီး ဝန်ထမ်းများ အချင်းချင်း စည်းစည်းလုံးလုံးဖြင့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့၊ ကန်တော်ကြီး သန့်ရှင်းသပ်ရပ်မှုနှင့် ကြံ့ခိုင်မှုကို ပြန်လည်မြှင့်တင်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုကြရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ပညာရှင်များ၏ အကြံပြုချက်များ၊ ကန်တော်ကြီး သန့်ရှင်းသပ်ရပ်မှုနှင့် ကြံ့ခိုင်မှု လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်လုပ်ဆောင်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် ဆက်စပ် ဌာနများနှင့် ပူးပေါင်းလုပ်ဆောင်ကြရန်နှင့် လိုအပ်ချက်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြကြရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)