ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


MNP ၊ မတ် ၁၈ 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာအနီးတွင် ယမန်နေ့ ညနေပိုင်း က PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာအနီးတွင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်နေသော PDF ပဒက်များ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ၎င်းကျေးရွာတဝိုက်တွင် ရှာဖွေရှင်းလင်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ဝက်ပုတ်ကျေးရွာ အနီးဝန်းကျင်ရှိ PDF အကြမ်းဖက်စခန်းအဖြစ် အသုံးပြုထားသည့်  တဲ ၁၀ လုံး၊ ဗုံးခိုကျင်း ၁ ခု၊ လေ့ကျင့်ရေးကွင်း ၁ ကွင်း၊ လက်လုပ်သေနတ် ၁၂ လက်၊ လက်လုပ်ရှော့တိုက်ဗုံးသီး ၅ လုံး၊ လက်လုပ် Drop ဗုံး ၁၁ လုံး၊  ယမ်းမှုန့် ၁ ထုပ်၊ အီကွေးမန့် ၂ စုံ၊ ခါးပတ်ကြီး ၈ ခု၊ ဘတ်တံဆိပ် ၂ ခု၊ ပြောက်ကျား ယူနီဖောင်း ၄ စုံ၊ ဆေးမျိုးစုံ ၁ အိတ်၊  မီးစက် ၁ လုံး၊ ဝရိန်စက် ၁ လုံး၊ သံဖြတ်စက် ၁ လုံး တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment