မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်များ ဘက်စုံ ဖွံ့ဖြိုး ရေးအတွက် အခြေခံ အင်္ဂလိပ်စကားပြောသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်များ ဘက်စုံ ဖွံ့ဖြိုး ရေးအတွက် အခြေခံ အင်္ဂလိပ်စကားပြောသင်တန်းဖွင့်လှစ်





MNP ၊ မတ်  ၁၈

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်များ၌ အခြေခံအလယ်တန်း အဆင့်နှင့်အထက်တန်းအဆင့် လူငယ်များဘက်စုံဖွံ့ဖြိုးရေး အတွက် အခြေခံအင်္ဂလိပ်စကားပြော သင်တန်းကို ယနေ့ နေ့လယ် ၁၂နာရီ အချိန်မှစတင်၍ ဖွင့်လှစ် သင်ကြားပေး လျှက်ရှိကြောင်း သိရသည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ရွှေ မှ ကျောင်းသား၊ ကျောင်းသူ ၊ လူငယ်များဘက်စုံဖွံ့ဖြိုးရေးအတွက် နွေရာသီ ကျောင်းပိတ်ရက်၌ အချိန်ကို အကျိုး ရှိစွာ အသုံးချတတ်စေရန် နှင့် အခြေခံအင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ် ချက် ကို  ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်သံကျွမ်းကျင်-၃ ဦးဦးမောင်ဝင်းက သင်တန်းနည်းပြဆရာအဖြစ် သင်ကြားပို့ချပေးသွားမည် ဖြစ်ပြီး နွေရာသီကျောင်းပိတ်ရက်များတွင် လျှောက်သွားလည်နေမယ့်အစား အလယ်တန်း၊ အထက်တန်းအဆင့် ရှိ ကျောင်းသူ/ကျောင်းသားများကို အခြေခံအင်္ဂလိပ်စကားပြောနည်းများ  တတ်မြောက်ရေး သေသေချာချာ သင်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊


 ထိုသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်ရွှေ နှင့် ဝန်ထမ်းများက တက်ရောက် လာသော သင်တန်းသား/သူ (၃၅) ဦးတို့ကို  စာအုပ်၊ဘောပင်များ အခမဲ့ပေးဝေခဲ့သည်။ တစ်ရက်ကို ၂ နာရီ ကြာသင်ကြား၍ သင်တန်းကာလ ကိုလည်း မတ်လ ၁၈  ရက်နေ့မှ စတင်၍ တစ် လတိတိ အခမဲ့သင် ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။


မြင့်စိုး၊ စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)