ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မုဒိတာစာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မုဒိတာစာဖတ်ဝိုင်းကျင်းပ





MNP ၊ မတ်  ၁၈

 စာအုပ်၊စာပေကိုချစ်မြတ်နိုးသူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏ တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက  စာအုပ်စာပေဝါသနာရှင်များ၊စာပေချစ်သူများBook Club   နှင့် မုဒိတာ  စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မုဒိတာ စာဖတ်ဝိုင်းတွင်စာပေချစ်သူများBook Club အသင်း ဥက္ကဋ္ဌ  ဒေါ်ခင်ယုနိုင်စာရေးဆရာမ အေပရယ်ယုနိုင် (ရွှေတောင်)ကအဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က  စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ စာရေးဆရာမ ခင်စောတင့် ရေးသားသော" ဘဝအသစ်ရဲ့အစများ " စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပရာစာပေချစ်သူများBook Club အသင်း ဥက္ကဋ္ဌ စာရေးဆရာမ အေပရယ်ယုန်ိုင် (ရွှေတောင်)ကဖတ်ရှုဆွေးနွေးပြီး ဆရာကြီး ‌ဦးဇော်မင်း၊ဆရာကြီး ဦးအုန်းမောင် ၊ ဆရာကြီးဦးစိန်လှ၊ ဆရာကြီး ဦးမြင့်ဦးတို့က မျိုးဆက်သစ်လူငယ်များအား"  စိတ်ဓာတ်ကြံ့ခိုင်တဲ့ သားသမီးတွေဖြစ်ဖို့"၊ "အမြင်တွေပြောင်းလဲကြပါစို့ "၊ ပျော်ရွှင်ကြည်နူးခြင်းကို ဖြန့်ဝေပါ" စသည့် ခေါင်းစဉ်များဖြင့်  ဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာသည့်စာပေချစ်သူ လူငယ်မောင်မယ်များကအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့်တက်ရောက်လာသူများအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။


အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကိုအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment