- MyanmarNationalPost

MyanmarNationalPost

News Agency

Breaking



MNP ၊ မတ်  ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မိုးကြိုသီးနှံ စံပြကွက်၊ မျိုးစေ့ထုတ်ကွက် တောင်သူများအား သွင်းအားစု ပံ့ပိုးပစ္စည်းများ ပေးအပ်ခဲ့ပြီး မိုးကြိုသီးနှံ အထွက်နှုန်း တိုးတက်ရေး နည်းပညာပေးသင်တန်း ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော် တက်ရောက်ပြီး အဖွင့်အမှာ စကား ပြောကြားရာ တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ အတူလက်တွဲပြီး အလုပ်လုပ် နေတာ မြင်ရတဲ့အတွက် ဝမ်းသာမိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍကို အထူးဂရုစိုက်ပြီး သီးနှံ ထုတ်ကုန်များအား ပိုမိုစိုက်ပျိုး ထုတ်လုပ်လာနိုင်ယင် တိုင်းပြည်တိုးတက် လာမှာဖြစ်ကြောင်း ပြောကြားသည်။ ပေါက်အင်းစိုက်ကွင်း တာဝန်ခံ ဦးဝင်းနိုင်မှလည်း စိုက်ပျိုးထုတ်လုပ်သလောက် အကျိုးရှိစေရန်မှာ စိုက်နည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးဖို့ လိုအပ်သလို အထွက်နှုန်းတိုးစေမည့် မျိုးကောင်းမျိုးသန့် မျိုးစေ့များရရှိရန် လိုအပ်ကြောင်း၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များရရှိရေးအား စိုက်ပျိုးရေးဦးစီးဌာနမှစိုက်ပျိုးရေးခြံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနေကြောင်း၊ ကျွန်တော်တို့ အနေနဲ့အကူအညီ လိုအပ်လာပါက ကူညီပေးမှာဖြစ်ကြောင်း ပြောကြားသည်။ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက သီးနှံများအထွက်နှုန်းတိုးစေရန်၊ တောင်သူများ ဝင်ငွေတိုးတက် မြင့်မားလာစေရန်၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ အထွက်နှုန်းတိုးတက်ဖို့ မျိုးကောင်းမျိုးသန့် မျိုးစေ့များကို မိမိတို့ဒေသတွင်း ပြန်လည် ထုတ်လုပ်လာနိုင်ပြီး ဒေသတွင်း ဖူလုံစွာဖြန့်ဝေပေးနိုင်စေရန် ရည်ရွယ်ကြောင်း၊ တောင်သူမှ တောင်သူသို့ အစီအစဥ် အတိုင်း ယခုတက်ရောက်လာသည့် တောင်သူ (၄၇)ဦးမှ နည်းပညာများအား မှတ်သားသွားပြီး နီးစပ်ရာတောင်သူများအား လက်ဆင့် ကမ်း မျှဝေပေးခြင်းဖြင့် တောင်သူများနည်းပညာကို ပိုမိုရရှိလာကြမှာဖြစ်ကြောင်း ပြောကြား သည်။


ထို့နောက် တက်ရောက်လာသည့် တောင်သူ(၄၇)ဦးအား တာဝန်ရှိသူများမှ သွင်းအားစုပံ့ပိုး ပစ္စည်းဖြစ်သည့် ယူရီးယား မြေသြဇာအိတ်များ ပေးအပ်ခဲ့သည်။ သင်တန်းကိုဆက်လက်ပို့ချ ပေးရာ ပေါက်အင်းစိုက်ကွင်း တာဝန်ခံ ဦးဝင်းနိုင်မှ မျိုးစေ့ထုတ်နည်းပညာများ၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ရမည့် နည်းလမ်းများ၊ ဒေါ်မာလာနွယ်မှ ဘက်စုံပိုးမွှားကာကွယ် နှိမ်နင်းနည်းစနစ်များအကြောင်း တောင်သူများအား နည်းပညာ ဖြန့်ဝေသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


ဝင်းမြင့်အောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)