ခင်ဦးမြို့နယ်၊ ချမ်းသာကုန်းကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခင်ဦးမြို့နယ်၊ ချမ်းသာကုန်းကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


MNP ၊ မတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ချမ်းသာကုန်းကျေးရွာအနီးတွင် ယမန်နေ့က PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်၊ ချမ်းသာကုန်းကျေးရွာအနီးတွင် အများပြည်သူများ အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် အဖျက်အမှောင့် လုပ်ဆောင်နေသော PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် အကြမ်းဖက်သမားများ ဆုတ်ခွါထွက်ပြေးသွားပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် PDF အကြမ်းဖက်သမားများ၏ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၁ လုံး၊ စစ်သုံးမှန်ဘီလူး ၁ ခု၊ ဂျင်ကလိ ၂၀ ချောင်း၊ ပြောက်ကျားအင်္ကျီ ၂ ထည် တို့အား သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးအဖွဲဝင်များ ထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment