ပြည်မြို့၌ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်မြို့၌ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ




MNP ၊ မတ်  ၁၈

ပြည်မြို့နယ်မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြည်မြို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့်က အဖွင့်အမှာစကားပြောကြားသည်။


ဆက်လက်ပြီး ပြည်မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်လင်းစိုးက လုပ်ငန်း တာဝန်များဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် ပြည်မြို့နယ်အတွင်းပြည်သူများ မီးလောင်မှုမဖြစ်ပေါ်စေရေးနှင့် မီးလောင်မှု ဖြစ်ပေါ်လာပါကပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများ မဆုံးရှုံးစေရေးအတွက် ပြည်မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများက မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လျှစ်စစ်မီးကြိုးများ ပေါက်ပြဲနေပါက လဲလှယ်အသုံးပြုကြရန်နှင့် အိမ်များ၊ရုံးအ​ဆောက်အဦးများ၌ မီးချိတ်၊ မီးကပ်သဲအိုး၊ ရေအိုးများ စနစ်တကျ အဆင်သင့်ထားရှိရန် ဆွေးနွေးဟောပြောသည်။


ထို့နောက် သရုပ်ပြပွဲကိုဆက်လက်ကျင်းပရာ မီးသတ်ဆေးဘူးအသုံးပြုနည်း၊ ဂတ်စ်မီးကို လေဖြတ်တောက်၍ မီးငြှိမ်းသတ်နည်း၊ ဆီမီးကိုရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်း၊ ဆီမီးကို မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ယာဉ်များဖြင့် ရေဖြန်းမီးငြှိမ်းသတ်ခြင်း များကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ကိုစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)