MNP ၊ မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ်၊ မိုးကြိုကြံစိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့က စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် ယမန်နေ့က ညောင်ပင်သာကျေးရွာအုပ်စုရှိ ကြံစိုက်တောင်သူ(၇၇)ဦး၏ ကြံစိုက်ပျိုးဧက(၃၈၄)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ်(၃၈,၄၀၀,၀၀၀)သိန်းအား ထုတ်ချေးပေးပြီး ယနေ့မတ်လ ၁၀ ရက်တွင်လည်း သဖန်းကိုင်းကျေးရွာအုပ်စု၊ ကြူဝတ်ကျေးရွာအုပ်စုနှင့်ရွာရှည်ကျေးရွာအုပ်စုတို့မှ ကြံစိုက်တောင်သူ (၅၈)ဦး၏ ကြံစိုက်ဧက (၃၄၈)ဧကအတွက်စိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၃၄,၈၀၀,၀၀၀)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ မြို့နယ်အတွင်းကြံစိုက်တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများအဆင်ပြေစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကြံတစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်း ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းသတ်မှတ်ထားကြောင်းနှင့် ၂၀၂၃ ခုနှစ်အတွက် မိုးကြိုကြံစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းငါးထောင်ထုတ်ချေးပေးရန် လျာထားသတ်မှတ်ထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံမှ သိရသည်။
သန်းထွန်းအောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment