လိပ်သိုမြို့ (Community Centre) ခန်းမ၌ “ဒေသအလိုက် တွက်ခြေကိုက် နနွင်းစိုက်ကြမယ်” အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုမြို့ (Community Centre) ခန်းမ၌ “ဒေသအလိုက် တွက်ခြေကိုက် နနွင်းစိုက်ကြမယ်” အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်



MNP ၊ မတ်  ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းပြီး “ဒေသအလိုက် တွက်ခြေကိုက် နနွင်းစိုက်ကြမယ် ” သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ်ကို ယနေ့ နံနက် (၁၀) နာရီ အချိန်က လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်   ကျင်းပပြုလုပ်ခဲ့သည်။


အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်အား  ဆွေးနွေးပြောကြားပြီး လိပ်သိုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ  ဦးစောဒဲနေထူး (လက်ထောက်ဦးစီးမှူး)က ဆေးဖက်ဝင်ပြီး တစ်ပင်လုံး အသုံးဝင်တဲ့နနွင်းဟာ တောင်ပေါ်မြေပြန့် မရွေးစိုက်ပျိုးနိုင်ကြောင်း၊ နနွင်းဟာ နေရောင်ခြည်ကို ကြိုက်နှစ်သက်ပြီး အပင်ရဲ့အောက်ခြေမှာ ရေအစိုဓာတ်ရှိဖို့လိုကြောင်း၊ စိုက်ပြီးပြီးချင်း ရေသွင်းရန်လိုအပ်သလို မြေအစိုဓာတ်ကိုကြည့်ပြီး ရေတစ်ကြိမ်မှ နှစ်ကြိမ်ခန့် ရေသွင်းပေးသင့်ပါကြောင်း၊ နနွင်းကို စတင်စိုက်ပျိုးပြီးချိန်မှ (၇) လခန့် ကြာသောအခါ အရွက်များ ဝါလာပါက နနွင်းတက်များကို တူးဖော်နိုင်ပြီဖြစ်ကြောင်၊ အတက်တွေကို ဖယ်ထုတ်ပြီး နနွင်းခေါင်း (အပင်ခြေတွင် ရှိသောအပိုင်း) ကိုတော့ စုဆောင်းပြီး အရိပ်ရ သောနေရာတွင် ကျင်းတူးမြှုပ်နှံထားမည်ဆိုရင် နောက်နှစ် ပြန်လည်စိုက်ပျိုးနိုင်ပါကြောင်း၊ ဖယ်ထုတ်ထား တဲ့နနွင်းတက်တွေကိုတော့ ရေနွေးဖျော အခြောက်လှန်းပြီး ရောင်းချနိုင်သလို အမှုန့်အဖြစ်ကြိတ်ကာ ရောင်းချနိုင်ပါကြောင်း၊ ယနေ့ ဈေးကွက်မှာ နနွင်းမှုန့်စစ်တွေ ရှားသလောက် ဖြစ်နေပါကြောင်း၊အမျိုးသမီးများ သွေးသန့် သန့်စင်ရာတွင် လည်းကောင်း၊ မျက်နှာအလှကိုပြုပြင်ရန်နှင့် အသားလှလိမ်းဆေး အဖြစ်လည်း အသုံးပြုကြ ကြောင်းကိုလည်း ပြောကြားသည်။


ဆက်လက်၍ ရေခံမြေခံကောင်းပြီး နနွင်းစိုက်ပျိုးဖြစ်ထွန်းအောင်မြင်တဲ့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ တောင်သူများအနေဖြင့် ဒေသအလိုက် တွက်ခြေကိုက်တဲ့ နနွင်းကို ပြည်ပသို့ တင်ပို့နိုင်သည်အထိ စိုက်ပျိုးထုတ်လုပ်ကြမယ်ဆိုင်ရင် တောင်သူများ အကျိုးများလိမ့်မည်ဖြစ်ကြောင်းကို ဒေသနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍  အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ခင်လေးနွယ် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment