MNP ၊ မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် စိတ်ပျော်ရွှင်စွာဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ ကျန်းမာရွှင်လန်းပြီး အားကစားစိတ်ဓာတ် ရင့်သန်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သပိတ်ကျင်းမြို့နယ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူကလေးများက စာအုပ်ရွက်ပြိုင်ပွဲ၊ သရေကွင်းကိုက်ပြိုင်ပွဲ၊ ဥယဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများနှင့် အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်စေရေး၊ ဘက်စုံထူးချွန်ထက်မြက်စေရေး၊ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်လျက် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်း၊ ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ အသိပညာပေး Talk Show များ ဆောင်ရွက်ပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment