အမ်းမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေး ပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ(၈၁၇)ဦးအေးချမ်းစွာဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေး ပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ(၈၁၇)ဦးအေးချမ်းစွာဖြေဆို




MNP ၊ မတ်  ၁၀

  ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ(၈၁၇)ဦးက ယနေ့ နံနက် ၉ နာရီအချိန်တွင် အေးချမ်းစွာ စာမေးပွဲ ဖြေဆိုလျက်ရှိသည်။


အမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌  မြို့ပေါ် ရပ်ကွက်ရှိ အမှတ်(၁) အထက၊ အမှတ်(၂) အထက၊ အမှတ်(၃) အထက၊  အထက (တပ်တောင်) စာစစ်ဌာန(၄)ခုတွင် ကျောင်းတွင်းမှဖြေဆိုသည့်ကျောင်းသားကျောင်းသူ(၆၅)ဦး၊ ပြင်ပမှဖြေဆိုမည့်သူ(၇၅၅)ဦးစုစုပေါင်း (၈၂၀) ဦးဝင်ရောက်ဖြေဆိုရာ တတိယနေ့ သင်္ချာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ(၈၁၇)ဦး၊ ပျက်ကွက်သူ(၃)ဦး ရှိကြောင်းသိရသည်။


 အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ အေး ချမ်းစွာဖြေဆိုနိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များ၏ ကြီး ကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက စာစစ်ဌာန အသီး သီး၌ အပြင်စည်းလုံ ခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မလိုလာအပ် သောကိစ္စရပ်များမဖြစ်ပေါ်ရေး၊ စာမေး ပွဲဖြေဆိုမှုကို အနှောက်အချက် မဖြစ်စေရေးနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုများ အဆင်ပြေချော မွေ့စေရန် ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။  


စိုးမင်းထွန်း                           

 https://t.me/MyanmarNationalPost




No comments:

Post a Comment