အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အမ်းခရိုင်၊ အမ်းမြို့နယ် တပ်တောင်မြို့အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အမ်းခရိုင်၊ အမ်းမြို့နယ် တပ်တောင်မြို့အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်



MNP ၊ မတ်  ၁၈                                                                                       

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၊ တပ်​တော်မြို့ပတ်ဝန်းကျင်မှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဦးဆောင်သော နယ်လှည့်ဆေးကု သရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော ဆေးကုသရေးအဖွဲ့က  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး တပ်တောင်မြို့ အမှတ် (၁) ရပ်ကွက်သာသနာ့ဝေပုလ္လာရာမကျောင်တိုက် ဓမ္မာရုံ၌ မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ(၃၇၀)ဦးအား ရောဂါအမျိုးအစာအလိုက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် တာဝန်ရှိသူများ၊ ခရိုင်အုပ် ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများအား နယ်မြေခံတပ်မတော် ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူနိုင်ရေးအတွက် တာဝန်ရှိသူများမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး သာသနာ့ဝေ ပုလ္လာရာမ ကျောင်တိုက်ဆရာတော် အားလှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 


https://t.me/MyanmarNationalPost




No comments:

Post a Comment