လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များအတွက် ​ဒုတိယအကြိမ် စာအုပ်များ ထပ်ဆင့်လှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များအတွက် ​ဒုတိယအကြိမ် စာအုပ်များ ထပ်ဆင့်လှူဒါန်းပွဲ ကျင်းပ



MNP ၊ မတ်  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များအတွက် ဒုတိယအကြိမ် စာအုပ်များ ထပ်ဆင့်လှူဒါန်းပွဲ အခမ်းအနားကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ယနေ့နံနက် (၁၁)နာရီ၌ ကျင်းပသည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက လှူဒါန်းသည့်စာအုပ်များသည် အမှတ်(၇) ရပ်ကွက်၊ ရွှေလင်ပန်းကျေးရွာ၊ ညောင်ကျေးရွာ၊ ဒိုင်စုကျေးရွာတို့ရှိရရှိသော စာကြည့်တိုက် (၄)တိုက်တို့အတွက် (၁)တိုက်လျှင် (၁၁၅)အုပ်ရရှိပြီး ဒုတိယအကြိမ် ထပ်ဆင့် လှူဒါန်းပွဲဖြစ်ကြောင်းကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိက ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးစိုးနိုင်က မြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ တက်ရောက်လာကြသည့် စာကြည့်တိုက်များမှ စာကြည့်တိုက် ကြီးကြပ်မှု ကော်မတီဝင်များနှင့် စာကြည့်တိုက်မှူးများက မိမိတို့၏ စာကြည့်တိုက်များ ရှင်သန်အောင်မြင်အောင် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးသည်။ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ​မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီသို့ လှူဒါန်းသည့် စာအုပ်များကို  စာရေးဆရာ​အသင်းဥက္ကဋ္ဌ ကြည်ကြည်မြင့်မြတ်က ပေးအပ်၍ ရွှေညောင်မြေ စာကြည့်တိုက်မှူး ဦးဖြိုးဝေအောင်က လက်ခံရရှိသည်။ စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်က ရွှေလဝန်း စာကြည့်တိုက်မှူး စိုင်းမောင်မောင်အား ပေးအပ်လှူဒါန်းသည်။


ထို့နောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနိုင်လင်းသိန်းက အာရုံဦး စာကြည့်တိုက်မှူး ဦးစောလင်းဦးအား စာအုပ်များ ပေးအပ်သည်။ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ စာပေ ဝါသနာပါသူများနှင့် တက်ရောက်လာသူများက လှူဒါန်းထားသည့် စာကြည့်တိုက်(၄) တိုက်အတွက် ခင်းကျင်းပြသထားသော စာအုပ်များကို စိတ်ပါဝင်စားစွာဖတ်ရှုပြီး လှည့်လည်ကြည့်ရှုခဲ့ကြရှိသည်။


ခင်ဝင်းမူ

https://t.me/MyanmarNationalPost




No comments:

Post a Comment