၂၀၂၃ ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်




MNP ၊ မတ်  ၁၈  

ပဲခူးမြို့၊ တိုင်းဒေသကြီးအားကစားခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။


ရှေးဦးစွာ အားကစားခန်းမအတွင်း၌ နွေရာသီအားကစားသင်တန်း တက်ရောက်ခဲ့သည့် သင်တန်းသား/ သင်တန်းသူများက နေရာယူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးလာစေရန်အတွက်ရည်ရွယ်ပြီး ကျောင်းသား/သူများအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ်၍ လူထုလှုပ်ရှားမှုအသွင်ဖြင့် နွေရာသီအခြေခံ အားကစားသင်တန်းများကို ဖွင့်လှစ်းပေးရခြင်းဖြစ်ကြောင်း၊ နွေရာသီ အားကစားအခြေခံ သင်တန်းများမှတစ်ဆင့် ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များ၊ ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် အားကစားလူရည်ချွန်များ ပေါ်ထွက်လာမှာဖြစ်ပြီး နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ဆက်လက် မွေးထုတ်ပေးနိုင်မှာဖြစ်ကြောင်း၊ နွေရာသီ အားကစားသင်တန်းတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် အားကစားနည်းပြများအား မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းနှင့် သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသား/ သူများအနေဖြင့် မိမိတို့ သင်ယူခဲ့သည့် အားကစားနည်းတွေကို အမြဲမပြတ် လေ့ကျင့်ကြိုးစားရင်း ပဲခူးတိုင်း ဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံတော်ဂုဏ်ဆောင် အားကစားသမားများအဖြစ် အများပြည်သူ အားကျဂုဏ်ယူရသည့် အာကစားသမားများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။   


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သင်တန်းသား/သင်တန်းသူများအား နွေရာသီအခြေခံ အားကစားသင်တန်းဆင်းလက်မှတ်များနှင့် အားကစားနည်းအလိုက် သင်ကြားပြသခဲ့သည့် နည်းပြများအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြပြီး သင်တန်းသား/သင်တန်းသူများက သင်ကြားထားခဲ့သည့် မြန်မာ့သိုင်း၊ ဘောလုံး၊ ကရာတေးဒို၊ ဘတ်စကတ်ဘောနှင့် Fitness Dance စသည့် အားကစားနည်းအလိုက် သရုပ်ပြသခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။   


ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်(၆)ခု၊ မြို့နယ်(၂၈)မြို့နယ်ရှိပြီး ခရိုင်အဆင့်တွင် အားကစားနည်း (၇) မျိုး၊ မြို့နယ်အဆင့်တွင် အားကစားနည်း(၅)မျိုး ဖွင့်လှစ်သင်ကြားခဲ့ပြီး စုစုပေါင်း ကျောင်းသား/သူ အပါအဝင် လူဦးရေ(၄၅၀၀)ဦး သင်တန်းတက်ရောက် သင်ကြားခဲ့ကြောင်း သိရှိရသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)