ရေကြည်မြို့နယ် ဆီဆုံကုန်း-ကြို့ကုန်း ကွန်ကရစ်တံတားသစ်ဖွင့်ပွဲ အခမ်းအနားအား ဧရာဝတီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေကြည်မြို့နယ် ဆီဆုံကုန်း-ကြို့ကုန်း ကွန်ကရစ်တံတားသစ်ဖွင့်ပွဲ အခမ်းအနားအား ဧရာဝတီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်



MNP ၊ မတ်  ၁၃

(၇၈)နှစ်မြောက် တပ်မ‌တော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ (၂၀၂၂-၂၀၂၃) ဘဏ္ဍရေးနှစ်တွင် ( MIIZ Engineering ) ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့သည့် ဆီဆုံကုန်း-ကြို့ကုန်း ကွန်ကရစ်တံတားသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အဆိုပါ ဆီဆုံကုန်း‌ကျေးရွာ တံတားမုခ်ဦးတွင် ကျင်းပခဲ့ကြောင်း သိရသည်။


တံတားဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းသိန်းတို့မှ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး တံတားပေါ်သို့ လှည်လည့်ကြည့်ရှုစစ်ဆေးခဲ့သည်။


အဆိုပါ ကွန်ကရစ်တံတားမှာ အလျား(၆၀)ပေ၊ အနံ(၁၄)ပေ၊ အမြင့် (၁၆)ပေ၊ ကျယ်ဝန်းပြီး၊ တာဝန်ယူတည်ဆောက်ခဲ့သည့် (MIIZ Engineering) ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ (၂၀၅.၅၀)သန်းဖြင့် ဆောက်လုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment