ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ


MNP ၊ မတ်  ၁၃

ကလေးများကို ကာကွယ်သည့် ဥပဒေများ၊ ကလေးအလုပ်သမားအကြောင်း သိရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ကန့်ဘလူမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုကိုမြင့်လွင်က မည်သည့်အလုပ်မျိုးကိုမဆို အသက် ၁၄ နှစ်အောက် ကလေးများ လုပ်ကိုင်ခွင့်မပြုရန် ဥပဒေကတားမြစ်ထားကြောင်း၊ ကလေးအလုပ်သမားများ၏ အခွင့်အရေးနှင့် အလုပ်ချိန်ကန့်သတ်ချက်၊ ကလေး အလုပ်သမားများအတွက် ဘေးအန္တရာယ်ရှိသော လုပ်ငန်းခွင်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုအကြောင်း၊ ကလေးများ၏ ကျန်းမာရေး ဘေးကင်းလုံခြုံရေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို ဘေးဖြစ်စေမည့် အလုပ်များကို ခိုင်းစေခြင်း မပြုရန် တရားဝင်တားမြစ်ထားကြောင်း၊ ကလေးအလုပ်သမားဖြစ်ရသည့် အကြောင်းများနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်သား၊ ကျောင်းသူ ၅၅ ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။


အောင်ဝင်းငြိမ်း

 https://t.me/MyanmarNationalPost






No comments:

Post a Comment