အမျိုးသမီးငယ်တစ်ဦးအား အရက်တိုက်၍ အလိုမတူဘဲ သားမယားပြုကျင့်စော်ကားသူ (၃)ဦးအား ဖမ်းဆီးအရေးယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသမီးငယ်တစ်ဦးအား အရက်တိုက်၍ အလိုမတူဘဲ သားမယားပြုကျင့်စော်ကားသူ (၃)ဦးအား ဖမ်းဆီးအရေးယူ


MNP ၊ မတ် ၁၃

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တွင် အမျိုးသမီးငယ်တစ်ဦးအား အလိုမတူဘဲ သားမယားပြုကျင့်သူ လူငယ်သုံးဦးအား မတ် ၁၁ ရက်နေ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လွယ်ဂျယ်မြို့၊ အောင်ချမ်းသာရပ်ကွက်နေ မ----- (၁၉)နှစ်သည် မတ် ၁၀ ရက် ည ၇ နာရီခွဲခန့်က အခန်းငှားနေထိုင်သည့် နေရာ၌ ရှိနေစဉ် ရင်းနှီးသိကျွမ်းသူ ကျော်ကျော်ဦး ရောက်ရှိလာပြီး လမ်းလျှောက်သွားရန်ခေါ်ဆောင်သဖြင့် ထွက်လာစဉ် လမ်း၌ ကျော်ကျော်ဦး၏ မိတ်ဆွေဖြစ်သူ မင်းခန့်စိုး နှင့် ဇော်လင်းတို့ တွေ့ရှိလိုက်ပါလာခဲ့ပြီး (၃၉)လမ်းထိပ် လေ့ကျင့်ခန်းလုပ်သည့်နေရာတွင် ၎င်းတို့ လေးဦးသည် အရက်ဘီယာ အတူသောက်စားခဲ့ကြပြီး မ-------- သည် အရက်မူးသွားသဖြင့် ကျော်ကျော်ဦး က အိမ်ပြန်လိုက်ပို့မည်ဟုဆိုကာ ကျောပိုးပြီး အထက ကျောင်းရှေ့ ကွင်းပြင်တွင် ရပ်ထားသည့် (၁၂)ဘီးယာဉ်ခေါင်းခန်းပေါ်သို့ ခေါ်ဆောင်ကာ ကျော်ကျော်ဦး ၊ မင်းခန့်စိုးနှင့် ဇော်လင်း တို့က တစ်ကြိမ်စီ သားမယားအဖြစ်ပြုကျင့်စော်ကားခဲ့ကြောင်း သိရသည်။

မ------- ၏ နေအိမ်အိပ်ခန်းသို့ ပြန်လိုက်ပို့ပေးခဲ့ကာ ၎င်းနေရာ၌ ဇော်လင်းက သားမယားအဖြစ်ထပ်မံပြုကျင့်ရာ မ-------- က ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းမည်ပြုစဉ် ဇော်လင်းက ပါးစပ်ပိတ် လည်ပင်းညှစ် ပါးရိုက်ပြီး အခန်းတွင်းမှ ထွက်ခွာသွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အလိုမတူဘဲသားမယားအဖြစ်ပြုကျင့်သူ လွယ်ဂျယ်မြို့၊ အောင်ချမ်းသာရပ်ကွက်နေသူများဖြစ်သည့် ကျော်ကျော်ဦး (၁၅)နှစ်၊ မင်းခန့်စိုး (၁၆)နှစ်နှင့် ဇော်လင်း (၁၉)နှစ်တို့အား လွယ်ဂျယ်နယ်မြေရဲစခန်းက (ပ)၇/၂၀၂၃ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၁၁၄ ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)