MNP ၊ မတ် ၁၃
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ(ဓာတုဗေဒ)ဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရှိ စာစစ်ဌာနများ ဖြစ်သည့် အထက(၁) နှင့် အထက(၄)တို့တွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။
ထိုသို့ဖြေဆိုရာတွင် အထက(၁)စာစစ်ဌာန တွင် ဖြေဆိုမည့်သူ စာရင်းရှိ (၅၀၀)ဦးရှိသည့်အနက် ဖြေဆိုသူ(၄၂၅)ဦး ၊ ပျက်ကွက်သူ(၇၅)ဦး ရှိပြီး အထက(၄) စာစစ်ဌာနတွင် ဖြေဆိုမည့်သူ စာရင်းရှိ (၉)ဦးရှိသည့်အနက်(၉)ဦးလုံးဖြေဆိုခဲ့ပြီး ဖြေဆိုမှုရာခိုင်နှုန်းအရ အထက(၁)စာစစ်ဌာနတွင် (၈၅) ရာခိုင်နှုန်း နှင့်အထက(၄)တွင် ရာနှုန်းပြည့်ဖြေဆိုခဲ့ကြောင်းသိရသည်။
စာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းစွာဖြေဆို နိုင်ရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင် ၊တောင်ကုတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုး နှင့်ဌာနဆိုင်ရာများက ကြီးကြပ် ဆောင် ရွက်လျက်ရှိ ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment