မြစ်သားမြို့နယ် ပေါမောအမှတ်(၇)အထည်စက်ရုံတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြပွဲ ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ် ပေါမောအမှတ်(၇)အထည်စက်ရုံတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြပွဲ ပြသ



MNP ၊ မတ်  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်လျော့နည်းစေရေး၊ မီးသတ်ဆေးဘူးများ အသုံးပြုတတ်စေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြပွဲကို ယနေ့ နေ့လည်ပိုင်းအချိန်က ပေါမောအမှတ်(၇)အထည်စက်ရုံ၌ လက်တွေ့ပြသ ဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆောင်ရန်၊ ရှောင်ရန်များ  မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို စက်ရုံဝန်ထမ်းများအား  အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။


ထို့နောက် မီးသတ်ဆေးဘူးများဖြင့် လက်တွေ့အသုံးပြု၍ စနစ်တကျ မီးငြှိမ်းသတ်မှုများကို သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် စက်ရုံဝန်ထမ်းများအား လက်တွေ့ပြုလုပ်စေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရဲနိုင်ဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment