ကျွန်းစုမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (တတိယ)နေ့ သင်္ချာဘာသာ ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (တတိယ)နေ့ သင်္ချာဘာသာ ဆက်လက်ဖြေဆို




MNP ၊ မတ်  ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (တတိယ)နေ့ သင်္ချာဘာသာကို ယနေ့ နံနက် (၉) နာရီအချိန်မှစ၍ အခြေခံပညာအထက်တန်းကျောင်း (ကျွန်းစု) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။


တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပညာရေးဦးစီးဌာနက ပူးပေါင်း၍ စီစဉ်ဆောင်ရွက်ပေးလျက် ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲကို အထက - ကျွန်းစု စာစစ် ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၉၃)ဦး၊ ကျောင်းသူ(၂၀၈)ဦး၊ စုစုပေါင်း(၃၀၁)ဦး ရှိ၍ ဖြေဆိုမှုရာနှုန်းမှာ (၉၃%)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


စည်သူရအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment