သံတောင်ကြီးဒေသထွက် သဘာ၀စစ်စစ် နနွင်းမှုန့်များ ဈေးကောင်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးဒေသထွက် သဘာ၀စစ်စစ် နနွင်းမှုန့်များ ဈေးကောင်းရရှိ



MNP ၊ မတ်  ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည်‌ တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်‌ကျောင်းအဖြစ်  ဉယျာဉ်ခြံလုပ်ငန်းဖြစ်‌သော နှစ်ရှည်ပင်သီးနှံများကို   အဓိက စိုက်ပျိုးလုပ်ကိုင်သည်သာမက နှစ်တိုသီးနှံပင်များကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်တိုပင်ဖြစ်သည့် နနွင်းစိုက်ပျိုးခြင်း လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ 


နနွင်းများသည် နွေရာသီအချိန်တွင် စတင်တူးဖော်ပြီး   အစိုလိုက် သော်လည်းကောင်း၊  အခြောက်ပြုလုပ်ရာတွင် လည်းကောင်း  ၊ ရောင်းချသည်သာမကတစ်ချို့ နနွင်းစိုက် တောင်သူများမှာ နနွင်းမှုန့်များပြုလုပ်ပြီးပြီး ပြန်လည်ရောင်းချရာတွင် ဈေးကောင်းရရှိကြောင်း သိရသည်။


သံတောင်ကြီးဒေသထွက် နနွင်းမှုန်များမှာ သဘာဝစစ်စစ် ထုတ်လုပ်ရောင်းချသည်သာမက ပျားရည်၊ ပန်း ခါးမှုန့်များနှင့် ရောကာ နနွင်းလုံးများပြုကာ အစာအိမ်၊ လေထိုး ၊လေအောင့်၊ ဗိုက်နာရောဂါဝေဒနာ များသက် သာပြီးဆေးဖက်ဝင်သည့်အတွက် သံတောင်ကြီးမြို့ပေါ်တွင် သာမက၊ တောင်ငူ၊ ရန်ကုန်နှင့် အခြားမြို့များအထိ ပါမှာယူတင်ပို့ ရောင်းချကြသည်။


အဆိုပါ သံတောင်ကြီးနနွင်းမှုန့်များမှာ သဘာဝစစ်စစ်ထုတ်လုပ်ရောင်းချပြီး ဆေးဖက်ဝင်သည့်အတွက် တစ်ပိဿာကို ကျပ်(၉၀၀၀)မှ ကျပ်(၁၀၀၀၀)အထိ ရရှိကြောင်း နနွင်းမှုန့် ထုတ်လုပ်ရောင်းချသူနော်အယ်ဝါးထံက သိရသည်။


နော်နော်မူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment