မတ္တရာမြို့နယ်၌ အခြေခံစားသောက်ကုန်(၅)မျိုးအား ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများသို့ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့နယ်၌ အခြေခံစားသောက်ကုန်(၅)မျိုးအား ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများသို့ ရောင်းချပေး


MNP ၊ မတ်  ၁၀

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် အခြေခံစားသောက်ကုန်(၅)မျိုးကို  သက်သာသော ဈေးနှုန်းများဖြင့် ယနေ့နံနက် (၇)နာရီအချိန်က မတ္တရာမြို့ ပြည်သူ့ဆေးရုံရှေ့တွင် ရောင်းချပေးခဲ့သည်။


ထို့သို့ရောင်းချရာတွင် အမှတ်(၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်မှူး အောင်မြတ်ထွန်း ဦးစီးသော တပ်ဖွဲ့ဝင်များ၊  မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်(၁)ပြည်လျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ၅ အိတ်၊ ဆီ(၁)ပိဿာလျှင် ၅၅၀၀ ကျပ်နှုန်းဖြင့် ပိဿာ ၂၀၀၊ ကြက်ဥ(၁)လုံးလျှင် ၁၈၀ ကျပ်နှုန်းဖြင့် ၁၀၀၀ လုံး၊ အာလူး ၁ ပိဿာလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ၁၀၀ ပိဿာနှင့် ခရမ်းချဉ်သီး ၁ ပိဿာလျှင်  ၁၀၀၀ နှုန်းဖြင့် ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။


မတ္တရာမြို့နယ်၌ အခြေခံစားသောက်ကုန်များကို ပြည်သူများထံသို့ ဈေးနှုန်းချိုသာစွာ လစဉ်ရောင်းချလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။


စိုးကျော်သူထွေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment