စစ်ကိုင်းခရိုင် ပြန်/ဆက်ဦးစီးဌာနတွင် “အသေးစားစက်မှုလက်မှုလုပ်ငန်းများ” သိကောင်းစရာ Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းခရိုင် ပြန်/ဆက်ဦးစီးဌာနတွင် “အသေးစားစက်မှုလက်မှုလုပ်ငန်းများ” သိကောင်းစရာ Talk Show ဆောင်ရွက်


MNP ၊ မတ်  ၁၀

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ “အသေးစားစက်မှုလက်မှုလုပ်ငန်းများ” သိကောင်းစရာ Talk Show ပြုလုပ် ဆောင်ရွက်ခြင်းကို ခရိုင်ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


ရှေးဦးစွာ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက Talk Show ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး ခရိုင်အသးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာ၊ ခရိုင်ဦးစီးမှူးက အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ရည်မှန်ချက်များ၊ လုပ်ငန်းတာဝန်များနှင့် မျှော်မှန်းချက် ပန်းတိုင်များအကြောင်းတို့ကို ဦးဆောင်ဆွေးနွေးပေးခဲ့ သည်။


စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ အသိပညာပေး Talk Show များ ဆောင်ရွက်ခြင်း၊ စာအုပ်/စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ/ပြိုင်ပွဲများ ကျင်းပခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဇော်မြင့်နိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment