မွန်ပြည်နယ်ဝန်ကြီးချုပ် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် အသက် (၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် အသက် (၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား တက်ရောက်





MNP ၊ မတ်  ၁၈

၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ​မော်လမြိုင်မြို့၊ ပြည်နယ် အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အ​ရှေ့​တောင်တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများက ပြိုင်ပွဲဝင် အားကစားသမားများ၏ ပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ကစား​နေမှု အခြေအနေအား ကြည်ရှုအား​ပေးခဲ့ကြပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ  ဆုရရှိသော ပြိုင်ပွဲ၀င် အားကစားသမားများက သတ်မှတ်နေရာတွင် နေရာယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများက စစ်တုရင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲတို့တွင် အသင်းအလိုက်၊ တစ်ဦးချင်းစီအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အားကစားသမားများအား တစ်ဦးချင်းဆုနှင့် ငွေသားဆု၊ ဆုတံဆိပ်နှင့် တံခွန်စိုက်ဒိုင်းဆုများအားလည်း​ကောင်း၊ နေရာအလိုက်အကောင်းဆုံး ဆုရရှိသူများအား ​ဆုတံဆိပ်များ၊ ​ငွေသားဆုများ အသီးသီးချီး မြှင့်ခဲ့ကြသည်။


ထိုနောက် (၁၀) မြို့နယ်အသက်(၁၉) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ  ပြိုင်ပွဲဝင် အားကစားသမားများမှ ကွင်းအတွင်းသို့ နေရယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်တစ်ခုလုံး နယ်ပယ်စုံ၊ ကဏ္ဍစုံ အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထုတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍကိုလည်း တစ်ခန်းတစ်ကဏ္ဍ ထည့်သွင်းပြီး အဆင့်မီဖွံ့ဖြိုးတိုးတက်စေရေးကို စနစ်တကျအစီအမံများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ မွန်ပြည်နယ် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မား လာ​စေရန်၊ ပြည်နယ် နှင့် တိုင်းဒေသကြီး ဘောလုံးပြိုင်ပွဲများတွင် မွန်ပြည်နယ် ဘောလုံးအသင်း အောင်မြင်မှုရရှိစေရန်၊ မြန်မာ့လက်ရွေးစင် ဘောလုံးအားကစားသမားများ ပြည်နယ်မှ မွေးထုတ် ပေးနိုင်ရန်စတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ ကျင်းပပြုလုပ် ပေးခြင်းဖြစ်​သလို ထူးချွန်ပြီး အရည်အချင်းပြည့်မှီတဲ့ အားကစားသမားတွေကို လက်ရွေးစင် ရွေးချယ်ပြီး စနစ်တကျ စုစည်းလေ့ကျင့် ပေးသွားမှာဖြစ်​ကြောင်း၊ ဘောလုံး အားကစားပြိုင်ပွဲတွေဟာ လူကြိုက် အများဆုံးနဲ့ အားပေးမှုအများဆုံးရှိတဲ့ ပြိုင်ပွဲတစ်ခုလည်းဖြစ်ရာ ဘောလုံးအားကစား အဆင့်အတန်း မြင့်မားလာရေး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများပါမကျန် ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ကြဖို့ မှာကြားလို​ကြောင်း၊ အခြေခံ ပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲများနဲ့ ခရိုင်၊ မြို့နယ် ဘောလုံး ပြိုင်ပွဲ များကို စနစ်တကျ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးသွားမှာလည်းဖြစ်​ကြောင်း၊ ပြိုင်ပွဲဝင် ဘောလုံးအသင်းများ အနေနဲ့ မိမိတို့ဝါသနာပါတဲ့ ဘောလုံးအားကစားကို ယခုပြိုင်ပွဲမှာ အားကစားသမားကောင်းပီသစွာ စွမ်းဆောင်ရည်နဲ့ ကျွမ်းကျင်မှုတွေကို ပြသရမှာဖြစ်သလို ဇွဲ၊ စိတ်ဓာတ်၊ အရင်းခံပြီး မိမိတို့ အသင်းအနိုင်ရရှိရေးအတွက် ကြိုးစားယှဉ်ပြိုင်ကြရန်၊ မိမိကြောင့် အားကစားကို အကျည်းတန်စေတဲ့ အပြုအမူတွေ ပြဿနာတွေကိုလည်း ရှောင်ကြဉ်ကြရန် လိုအပ်ကြောင်း၊ မွန်ပြည်နယ် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အထူးအာရုံစိုက်ပြီး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကား​ပြောကြားခဲ့သည်။


ဆက်လက်ပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး အားကစားဝါသနာရှင်များက အဖွင့်ပွဲစဉ်အဖြစ် ​ပေါင်မြို့နယ် ဘောလုံးအသင်းနှင့်ရေးမြို့နယ်ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ပြည်နယ်၀န်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရ အဖွဲ့၀င်၀န်ကြီးများက ကြည့်ရှုအား​ပေးခဲ့ကြသည်။


၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် (၁၀)မြို့နယ် အသက် (၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲသို့ မြို့နယ်အသင်း (၁၀)သင်းက မတ်လ ၁၇ ရက်နေ့မှ ဧပြီလ ၇ ရက် ပါ၀င်ယှဉ်ပြိုင်သွား ကြမည်ဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)