မင်းပြားမြို့၌ ငါးစားသုံးမှုဖူလုံစေရေး ငါးမွေးမြူရေးကန်များသို့ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းပြားမြို့၌ ငါးစားသုံးမှုဖူလုံစေရေး ငါးမွေးမြူရေးကန်များသို့ ကွင်းဆင်းဆောင်ရွက်


MNP ၊ မတ်  ၁၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ငါးစားသုံးမှု ဖူလုံစေရေးအတွက် ငါးမွေးမြူရေးကန်များသို့    ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအောင်ငွေစိုးနှင့် ဝန်ထမ်းများက ငါးမွေးမြူရေးလုပ်ငန်းရှင်များအား မြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင်ငါးမွေးမြူခြင်းမှ စီးပွာဖြစ် ငါးမွေးမြူခြင်းအဆင့်ထိ  တိုးတက်လာစေရန်၊ ရေချိုငါးမွေးမြူထုတ်လုပ် ရောင်းချတင်ပို့ရာမှ  အလုပ်အကိုင်နှင့် နိုင်ငံခြားဝင်ငွေများ ရရှိလာစေရန်၊ လူတစ်ဦးချင်းငါးစားသုံးမှု ဖူလုံလာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်အတွင်း ငါးမွေးဇုံတစ်ခုဖြစ်ပေါ် လာစေရန်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး အဓိကရေချိုငါးမွေးမြူခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် ချောင်းရှည်ကျေးရွာရှိ ငါးလုပ်ငန်းဦးစီးဌာနပိုင် ရေချိုငါးသားပေါက်စခန်းနှင့်စံပြငါးမွေးကန်များ ကိုလည်းကောင်း၊   ဦးထွန်းစိန်ဦးနှင့် ဦးကျော်သိန်းထွန်းတို့  (GAqP)စနစ်ဖြင့်       စမ်းသပ်မွေးမြူ​ အောင်မြင်နေသော ရေချိုငါးမွေးကန်များသို့ ကွင်းဆင်းကြည့်ရှုကာ  လိုအပ်သည်များကို အကြံပြု မှာကြားခဲ့ကြောင်း သိရသည်။


သိန်းနုအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment