ဖား​ဆောင်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာ​စောင်များဖြန့်​ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖား​ဆောင်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာ​စောင်များဖြန့်​ဝေ


MNP ၊ မတ်  ၁၀

ကယားပြည်နယ်၊ ​​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ဒေသခံပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်ဆောင်ရွက်ခြင်းဖြင့် မလိုလားအပ်သော ယာဉ်တိုက်မှုများ မဖြစ်ပွားစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာ​စောင် ဖြန့်​ဝေခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်​ရေးမှူးရုံး​ရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် ဖား​​​ဆောင်းမြို့မရဲစခန်းမှူး ဒုရဲမှူးစိုးလွင်နှင့် တပ်ဖွဲ့ဝင်များက မြို့တွင်းသွားလာနေသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ထော်လာဂျီများအား ယာဉ်စည်းကမ်း၊ လမ်းစဉ်းကမ်း လိုက်နာမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး မြို့တွင်းသို့ မောင်းနှင်ပါက အရှိန်လျော့မောင်းနှင်ရန်၊ စည်းကမ်း ဖောက်ဖျက်မောင်းနှင်မှုများကြောင့် သေဆုံးဒဏ်ရာရမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားရာတွင် အရေးယူဆောင်ရွက်သည့် ပြစ်မှုဆိုင် ဥပဒေပုဒ်မများနှင့် ပြစ်ဒဏ်များ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေး ပြောကြား ခဲ့ကြောင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာ​ပေး လက်ကမ်းစာ​စောင်ဖြန့်​ဝေခဲ့​ကြောင်း သိရသည်။


နန်းသဲနု​အောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)