ငပလီမြို့တွင်၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သင်္ချာ ဘာသာရပ်အား ဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီမြို့တွင်၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သင်္ချာ ဘာသာရပ်အား ဖြေဆိုလျက်ရှိ



MNP ၊ မတ်  ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ငပလီမြို့တွင် ယနေ့နံနက်ပိုင်းက  စာစစ်ဌာန(၁)ခုတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သင်္ချာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို လျက်ရှိကြောင်းသိရသည်။


ငပလီမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်   စာရင်းရှိ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၃၁၉)ဦးရှိရာ ယနေ့ သင်္ချာဘာသာရပ်အား စာစစ်ဌာန(၁)ခု၌ ဝင်ရောက်ဖြေဆိုသူ(၃၀၅)ဦး၊ ပျက်ကွက်သူကျား(၆)ဦး၊မ(၈)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ငပလီမြို့အတွင်းရှိ ကျောင်း သား/သူများ တက္ကသိုလ်ဝင်တန်းစာ​မေးပွဲကို စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ငပလီမြို့အ​ထွေ​ထွေအုပ်ချုပ်ရေး​၊မြို့အုပ်ချုပ်​​ရေးမှူးနှင့်အဖွဲ့ဝင်များမှကြီးကြပ်ပြီး၊ စာစစ်ဌာန(၁)ခု ဖွင့်လှစ်၍  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ဌာနဆိုင်ရာများက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး၊ စာစစ်ဌာနများသို့ မြို့အုပ်ချုပ်​​ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မလိုလားအပ်သည့်ပြဿနာများမဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ကျောင်းသူများစိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ကျောင်းပြင်ပလုံခြုံရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment