ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့ (သင်္ချာဘာသာရပ်) အေးချမ်းစွာဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့ (သင်္ချာဘာသာရပ်) အေးချမ်းစွာဆက်လက်ဖြေဆို





MNP ၊ မတ်  ၁၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စာစစ်ဌာနများ ၌ မတ်လ ၁၀ ရက်၊ နံနက် ၉ နာရီ မှစတင်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆို လျှက်ရှိသည်။


    ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာန (၄)ခုရှိပြီး အထက(၁)စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းသူပေါင်း ၃၄၄ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ ၃၁၂ ဦး၊ ပျက်ကွက် ၃၂ ဦး၊ အထက(၂)၌စာစစ်ဌာနတွင် စာရင်းပေးသွင်းသူ ၆၂ ဦး၊ လာရောက်ဖြေဆိုသူ ၆၀ ဦး၊ ပျက်ကွက် ၂ ဦး၊ အထက(ကျိုက္ကသာ)စာစစ်ဌာန၌ စာရင်းပေးသွင်းသူ(၄၅)ဦးဖြေဆိုသူ(၄၁)ဦး ပျက်ကွက်သူ(၄)ဦး အထက(သိမ်ဇရပ်)စာစစ်ဌာန ၌ စာရင်းပေးသွင်းသူ(၂၂၄)ဦးဖြေဆိုသူ(၂၀၅)ဦး ပျက်ကွက်သူ(၁၉)ဦး ဖြေဆိုရန်စာရင်းရှိကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၇၅ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ ၆၁၈ ဦး၊ ပျက်ကွက်သူ ၅၇ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment