MNP ၊ မတ် ၂၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇာနည်ကျော်က အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်းအကြောင်းနှင့်ပတ်သက်၍ပြောကြားရာ၌ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့ရာတွင်ပရဟိတအဖွဲ့အစည်း(NPO)များကိုအလွဲသုံးစားပြုမခံရစေရေးအတွက်ဖြစ်ကြောင်းနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း ခေါင်းစဉ်နှင့်ပတ်သက်သော အချက် အလက်များကို ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်း အသိပညာပေးဆွေးနွေးခဲ့သည်။
ဆက်လက်၍ မှတ်ပုံတင်ရေးအဖွဲ့ဝင် ရဲမှူးခင်မောင်ထွန်းက မှတ်ပုံရေးဥပဒေနှင့်ပတ်သက်ဆက်လက်ရှင်းလင်းသည်။
ထို့နောက်မြို့နယ် မှတ်ပုံတင်းအဖွဲ့ဝင် ဥပဒေအရာရှိ ဦးရှိန်းဇော်က မှတ်ပုံတင်ရေးနှင့်ပတ်သက်သော တားမြစ်ချက်နှင့် ပြစ်ဒဏ်၊ ချမှတ်နိုင်သော ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းချပြဆွေးနွေးကာ တက်ရောက်လာကြသော ပရဟိတ၊ လူမှုရေးအသင်းအဖွဲ့များမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်းနှင့် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌက အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေစာအုပ်များကို အသင်းအဖွဲ့များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မှတ်ပုံတင်ထားသည့်သက်တမ်းရှိအသင်းအဖွဲ့(၂၀)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment