မြောက်ဦးမြို့၌ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေး ဆောင် ရွက်လျှက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဦးမြို့၌ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေး ဆောင် ရွက်လျှက်ရှိ





MNP ၊ မတ် ၂၄

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် စား သောက်ဆိုင်များသို့ သွားရောက်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့်မီးဘေး လုံခြုံရေး ရှိစေရေး အသိပညာပေးဆောင်ရွက်ခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးစန်းလွင် နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ် ကွက်အုပ်ချုပ်ရေးမှူးများ နှင့်စာရေးဝန် ထမ်းများပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်ကအဆိုပါရပ်ကွက်များသို့ရောက်၍ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းကို တစ်အိမ် တက်ဆင်းစစ်ဆေးခြင်း တွင် ဒုမီးသတ်ဦးစီးမှူး ဦးစန်းလွင် ဦးဆောင်၍မီး သတ်တပ်ဖွဲ့ ဝင် များ နှင့်မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ စားသောက်ဆိုင်များတွင် မီး ဘေးအန္တရာယ် ကြိုတင် ကာ ကွယ် ရေး၊မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့်မီး လောင်မှုကြောင့်ပြည်သူများ ၏အသက်၊ အိုးအိမ်စည်းစိမ်များဆုံးရှုံးမှုမရှိစေရေးတို့အတွက်မီးကိုစနစ်တကျအသုံးပြုတတ်စေရေး၊ မိမိတို့၏ နေအိမ်များတွင် အသုံးပြုလျက်ရှိသောလျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းပျက် စီးယို ယွင်းနေပါကအသစ်လဲလှယ်၍ပြန်လည်တတ်ဆင်အသုံးပြုကြရန်နှင့်လျှပ်စစ်ဝါယာချော့ကြောင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဗူးအားစနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် ထင်း၊ မီးသွေး များဖြင့် ထမင်းဟင်းချက်ပြုတ်ပြီးတိုင်း မီးကြွင်းမီးကျန်များအားစနစ်တကျ ငြိမ်းသတ် ထားရှိပြီးနေအိမ်များတွင် မီးသတ်ဆေးဗူး၊ မီးဂျိတ်၊မီးကပ်၊ သဲအိတ်၊ ရေပုံးများ အသင့် ထားရှိရန် နှင့်ရုတ်တရက်မီးလောင်မှု/မီးလန့်မှုများဖြစ်ပေါ်လာပါကမြို့နယ်မီးသတ်ဦးစီးဌာနသို့အချိန်နှင့်တစ်ပြေးညီသတင်းပေးပို့ရန်လိုအပ်ကြောင်းစသည့်အသိပညာပေးခြင်းလုပ်ငန်းများကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)