ဝန်းသိုမြို့ မြနန္ဒာရပ်ကွက်တွင်း ရေနုတ်မြောင်း ကျောက်ရိုးစီခြင်းလုပ်ငန်း အောင်မြင်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝန်းသိုမြို့ မြနန္ဒာရပ်ကွက်တွင်း ရေနုတ်မြောင်း ကျောက်ရိုးစီခြင်းလုပ်ငန်း အောင်မြင်ပြီးစီး



MNP ၊ မတ်  ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ မြနန္ဒာရပ်ကွက်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ရေနုတ်မြောင်း အရှည်(၂၅၀)ပေအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ကျောက်ရိုးစီခြင်း လုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့၏ (ငွေလုံးငွေရင်း) ထောက်ပံ့ရန်ပုံ ငွေကျပ် (၉.၈၀)သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက် နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် အောင်မြင်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


ဝန်းသိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွင်း တိုင်းစည်ပင် (ငွေလုံးငွေရင်း) ထောက်ပံ့ငွေကျပ်သန်း (၁၀၀.၀၀) ဖြင့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း(၅)ခု၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၁)ခု၊  Box Culvert တံတား(၄)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ မြို့တွင်း ကျောက်ရိုးစီရေနုတ်မြောင်း ပြုလုပ်ခြင်းလုပ်ငန်း (၃)ခုနှင့် အုတ်ရိုးစီရေနုတ်မြောင်း ပြုလုပ်ခြင်း (၁)ခု  စုစုပေါင်းလုပ်ငန်း(၁၄)ခုကို ဆောင်ရွက်လျက်ရှိပြီး အလားတူ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ (ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် (၂၈)သန်းကျော်ဖြင့် မြနန္ဒာရပ်လမ်းမကြီး (၄)လမ်းဘေး အုတ်စီ ရေမြောင်းပြုလုပ်ခြင်းနှင့် လမ်းမြေသား ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း၊ ချွန်းတောင်တန်းရပ်ကွက်တွင်းလမ်း၊ မြနန္ဒာရပ်အမှတ် (၃) လမ်း၊ ရွာသစ်ကုန်း-ကျောက်မြောင်း လမ်းတို့တွင် Box Culvert (၁) စင်းစီ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်း (၂)ခုတို့ကို အပြီးသတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   


ထွန်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment