ဇီးကုန်းမြို့နယ်၌ မျိုးစေ့ချကိရိယာ (Drum Seeder) များ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ်၌ မျိုးစေ့ချကိရိယာ (Drum Seeder) များ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးပေး


MNP ၊ မတ်  ၁၃

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်၌ တောင်သူများ မျိုးစေ့နှုန်းထားသက်သာပြီး စိုက်ပျိုးစနစ်မှန်ကန်ခြင်းကြောင့် မျှော်မှန်းပန်းတိုင်အထွက်နှုန်းရရှိစေရန်နှင့် တိုက်ရိုက်ကြဲခင်းစနစ် စိုက်ပျိုးဧက လျော့နည်းစေရန် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနရုံး၌ ယမန်နေ့ နေ့လည်ပိုင်းက မျိုးစေ့ချကိရိယာ(Drum Seeder) များအား တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးပေးခဲ့သည်။


မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးလှမိုးက တောင်သူများအား မျိုးစေ့ချကိရိယာ အသုံးပြုပုံကို ရှင်းလင်းပြောကြားခဲ့သည်။  ထို့နောက် နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် တာဝန်ရှိသူများက မျိုးစေ့ချကိရိယာ (Drum Seeder)  အလုံး ၃၀ အား တောင်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးအပ်ခဲ့ပြီး၊ တောင်သူများလိုအပ်ပါကဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။


တောင်သူများအနေဖြင့် အဆိုပါ မျိုးစေ့ချကိရိယာ(Drum Seeder) ဖြင့် စိုက်ပျိုးခြင်းကြောင့် ကြဲပက်စိုက်ပျိုးခြင်းထက် မျိုးစေ့နှုန်းထား သက်သာခြင်း၊ လုပ်သားအင်အား သက်သာခြင်း၊ အတန်းလိုက် မျိုးစေ့ချစိုက်ပျိုးခြင်းကြောင့် လေဝင်လေထွက် ကောင်းမွန်ပြီး ပေါင်းမြက်နှင့် ရောဂါပိုးမွှားများ အလွယ်တကူနှိမ်နင်းနိုင်ခြင်းနှင့် အပင်ပြုစုရာတွင် ပိုမိုအဆင်ပြေ၍ အထွက်နှုန်းပိုမိုခြင်း စသည့်အကျိုးများရရှိစေနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။


တင့်ဆွေ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)