ကြို့ပင်ကောက်မြို့တွင် မြို့နယ်အဆင့် စစ်တုရင်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြို့ပင်ကောက်မြို့တွင် မြို့နယ်အဆင့် စစ်တုရင်ပြိုင်ပွဲကျင်းပ


MNP ၊ မတ်  ၁၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မြို့နယ်အဆင့် စစ်တုရင်ပြိုင်ပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါစစ်တုရင်ပြိုင်ပွဲအား မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူးနှင့် မြို့နယ်မီးသတ်ဦးစီးမှူးတို့က စစ်တုရင်စရွှေ့ကွက်ရွှေ့၍ ပြိုင်ပွဲကိုစတင်ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် စစ်တုရင်အားကစားသမား ၈ ဦးတို့က အဖွဲ့လေးဖွဲ့ခွဲ၍ ပတ်လည်သုံးပွဲနှုန်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြသည်။


လူငယ်လူရွယ်များ ကျောင်းသားကျောင်းသူများ ညီငယ်ညီမငယ်များအား စစ်တုရင်ကစားနည်းများ ပြန်လည်သင်ကြားပေးလျက်ရှိကြောင်း အဆိုပါကစားနည်းသည် ဉာဏ်ရည်မြင့်မားလာစေရေးအတွက် အထောက်အကူဖြစ်စေကြောင်း အွန်လိုင်းဂိမ်း ကစားခြင်းဖြင့် အချိန်ကုန်လွန်နေသော လူငယ်များအတွက် သင့်တော်သော အားကစားနည်းတစ်ခုဖြစ်ကြောင်း ကြို့ပင်ကောက်မြို့တွင် မြန်မာ့ရိုးရာစစ်တုရင်အားကစား ဝါသနာရှင်မရှိသေးကြောင်း ပေါ်ထွက်လာစေရေးအတွက် စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း ခရိုင်အဆင့် တိုင်းအဆင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်အားကစားမှူး ဦးမြင့်နိုင်ကပြောသည်။


ဇေယျာထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment