၁၃၈၄ ခုနှစ်၊ ဧရာဝတီတိုင်း‌ဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၁၃၈၄ ခုနှစ်၊ ဧရာဝတီတိုင်း‌ဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP ၊ မတ်  ၁၁

၁၃၈၄ ခုနှစ်၊ ဧရာဝတီတိုင်း‌ဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ပြုလုပ်ရာ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မဟာသင်္ကြန်ပွဲ‌တော် ကျင်းပရေး ဦးစီးကော်မတီများနှင့် လုပ်ငန်းကော်မတီများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။


ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မဟာသင်္ကြန်ပွဲတော် ကျင်းပရေးနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက “၁၃၈၄ခုနှစ်၊ ဧရာဝတီတိုင်း‌ဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများအလိုက် တာဝန်ယူ ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ယခင်နှစ်က ကျင်းပခဲ့သည့် အားသာချက်များအား နမူနာယူ၍ အားနည်းချက်များကိုလည်း ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ပြည်သူများ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ကမ်းနားလမ်းတလျှောက် ကျင်းပနိုင်ရေး ပြင်ဆင် ဆောင်ရွက်ရန်လည်းလိုပါကြောင်း၊ ပြည်သူများအန္တရာယ်ကင်းစွာ ရေကစားနိုင်ရေး ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကိုလည်း အလေးထား ဆောင်ရွက်ရန် လိုပါကြောင်း၊ ယိမ်းအဖွဲ့များ၊ ‌ဖျော်ဖြေရေးအဖွဲ့များအား ပြင်ဆင်မှု ကောင်းကောင်းဖြင့်   ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေနိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ရန် လိုပါကြောင်း၊ အသံပိုင်းဆိုင်ရာနှင့် မဏ္ဍပ်တည်ဆောက်မှုတွင်လည်း ယခင်နှစ် အားနည်းချက်များအား ပြုပြင်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ပြည်သူများ‌အေးချမ်း ပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် ရေစုဆောင်းမှု၊ သိုလှောင်မှု၊ သုံးစွဲမှုများအား အစီအမံများ ချမှတ်ဆောင်ရွက်ရန်လိုပါကြောင်း၊ မဟာသင်္ကြန်ပွဲ‌တော် ကျင်းပနေစဉ် ကာလအတွင်း ရိုက်ကူးရေးကိစ္စများကိုလည်း ကြိုတင်ပြင်ဆင် အချိန်မီဆောင်ရွက်ရန် လိုပါကြောင်း၊ ယိမ်းပြိုင်ပွဲဝင်များအနေဖြင့်လည်း မိမိတို့၏ ကိုယ်ပိုင်ရေး/ ဆိုတေးသီချင်းများဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ရန်လည်းလိုပါကြောင်း၊ မဟာင်္ကြန်ပွဲတော်အား သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် မှတ်တမ်းမှတ်ရာများ ကျန်ရှိစေရေးအတွက် ယခင်နှစ်အတွေ့အကြုံများနှင့် အကြံပြုချက်များအား ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါကြောင်း” အဖွင့်အမှာ စကားများ ပြောကြားသည်။ 


ထို့နောက် မဟာသင်္ကြန်ပွဲ‌တော် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူးက ဦးစီးကော်မတီ လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှုများနှင့် ယခင်နှစ်တွင် ကျင်းပခဲ့သည့် မဟာသင်္ကြန်ပွဲတော်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ ဗဟိုမဏ္ဍပ်တည်ဆောက်ရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီ၊ ယိမ်းပြိုင်ပွဲနှင့်ဖျော်ဖြေရေးလုပ်ငန်းကော်မတီ၊ ပရိတ် တရားနာနှင့် ဘေးမဲ့ငါးလွှတ်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ၊ သက်ကြီးပူဇော်ပွဲ ကျင်းပရေး လုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းကော်မတီ၊ စာရင်းစစ်ဆေးရေး ကော်မတီ၊ သတင်း၊ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေး လုပ်ငန်းကော်မတီ၊ ပို့ဆောင်ရေးလုပ်ငန်း ကော်မတီများက ကော်မတီအလိုက် ဆောင်ရွက်မည့်အစီအမံများနှင့် အထွေ‌ထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)