ပွင့်ဖြူမြို့နယ် မုန်းဇလဲ-ညောင်ပင်စောက် ကျေးရွာချင်းဆက်လမ်းအား သွားလာရေးအဆင်ပြေစေရန် မြေနီကျောက်စရစ်လမ်းအဖြစ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် မုန်းဇလဲ-ညောင်ပင်စောက် ကျေးရွာချင်းဆက်လမ်းအား သွားလာရေးအဆင်ပြေစေရန် မြေနီကျောက်စရစ်လမ်းအဖြစ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပြီးစီး


MNP ၊ မတ်  ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာနှင့် ညောင်ပင်စောက်ကျေးရွာ ဆက်သွယ်ဖောက်လုပ်ထားသည့် ကျေးရွာချင်းဆက်လမ်းမှာ မိုးရေတိုက်စားမှုကြောင့် ယိုယွင်းပျက်စီးနေသဖြင့် ဒေသခံကျေးလက်နေပြည်သူများ ရာသီးမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိရာ ယခုအခါလမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။


အဆိုပါ ပွင့်ဖြူမြို့နယ် မုန်းဇလဲ-ညောင်ပင်စောက် ကျေးရွာချင်းဆက်လမ်းမှာ အရှည်ပေ တစ်မိုင် ၂ ဖာလုံကျော်ခန့်ရှိပြီး မိုးရေတိုက်စားမှုဒဏ်ကြောင့် လမ်းပျက်စီးမှုများဖြစ်ပေါ်နေ၍ ဒေသခံကျေးလက်နေပြည်သူများ ကူးလူးဖြတ်သန်းသွားလာရာ၌ အဆင်‌မပြေမှုများနှင့် ကြုံတွေ့နေရကြောင်း သိရ၍ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စ ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေကျပ် ၁၅ သန်းဖြင့် ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာအသုံးပြုနိုင်ရေးအတွက် လမ်းအကျယ် (4.88m)၊ လမ်းအမြင့်ထု (100mm) ရှိ မြေနီ ကျောက်စရစ်လမ်းအဖြစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့က စတင်ပြီး စက်ယန္တရားများဖြင့် ပြန်လည် ပြုပြင်ဆောင်ရွက်ခဲ့ရာ မတ် ၂ ရက်နေ့တွင် ရာနှုန်းပြည့် ပြုပြင်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ပွင့်ဖြူ မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိမိလွင်ထံမှ သိရသည်။


ယခုအခါ မုန်းဇလဲ-ညောင်ပင်စောက် ကျေးရွာချင်းဆက်လမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းမှာ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍  ဒေသခံပြည်သူများ တစ်ရွာနှင့်တစ်ရွာ လွယ်လင့်တကူ ကူးလူးဖြတ်သန်း သွားလာခွင့်ရရှိသွားပြီဖြစ်ကာ လယ်ယာမြေများမှ ထွက်ရှိသော သီးနှံထွက်ကုန်များကိုလည်း အဆင်ပြေစွာ သယ်ယူပို့ဆောင်သွားနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုနိုင်‌တော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။


လှိုင်ဝင်းလေး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)